ကမ္ဘာကျော်ပွဲနဲ့ တိတ်တခိုး လွမ်းကြသူများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 16, 2020

ကမ္ဘာကျော်ပွဲနဲ့ တိတ်တခိုး လွမ်းကြသူများ

■ အောင်ဆန်းဝင်း ရေးသည်။

.

မြို့တော် တောင်ကြီးက ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အညီ ဖွံ့ဖြိုးတိုးတက်မှုတွေ များပြားလာတယ်။ တောင်ကြီးမြို့လို့ ဆိုလိုက်တာနဲ့ အေးချမ်းသာယာတဲ့မြို့။ နေချင်စဖွယ်မြို့လို့လည်း ရောက်ဖူးသူ အားလုံး သက်သေညွှန်းကြတယ်။ မြို့အရှေ့ဘက်မှာ စေတီဘုရားတွေနဲ့ တောင်မြောက် တန်းနေတဲ့ တောင်တန်းကြီး။ အနောက်ဘက် တောင်စောင်းပေါ်က ကြည့်ရင် အင်းလေးကန်နဲ့ ကျီးဖြူကန်အထိ ရှုမဆုံးတဲ့ လွင်ပြင်ကျယ်။ ရွှေဘုန်းပွင့် စေတီတော် ရင်ပြင်ပေါ်က ကြည့်ရင် မြို့တော်တောင်ကြီးက အလှတရားတွေ အပြည့်နဲ့။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကနဲ့ စာရင် ကွဲပြားခြားနားခြင်းတွေ ပြည့်နေတဲ့မြို့။ ဒီမြို့ရဲ့ ရင်ငွေ့က ခတာ ဖြစ်ဖြစ်၊ အပြီးတိုင် ဖြစ်စေ ခွဲခွာဖူးတဲ့ လူတိုင်း တစ်ငြိမ့်ငြိမ့် တစ်စိမ့်စိမ့် လွမ်းနေရတဲ့နေရာ။ ဒီမြို့မှာ မြန်မာနိုင်ငံအတွင်း သာမက ကမ္ဘာတစ်ခွင် ကျော်ကြားတဲ့ တောင်ပေါ်သားတို့ရိုးရာ မီးပုံးပျံပွဲတော်ကြီး ရှိတယ်။

.


 

မီးပုံးပျံပွဲတော်ဆိုတာ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ်။ တောင်ကြီးမြို့ရဲ့သင်္ကေတလို့ တောင်ပေါ်သားတွေ ရင်ဘတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားကြတယ်။ မီးပုံးပျံ လွှတ်တင်လာတဲ့ သက်တမ်းက နှစ်ပေါင်း ၇၀ ကျော်။ တဖြည်းဖြည်း ရာစုနှစ်ဘက်ကို နီးလာပြီ။ နောင်လာနောင်သားတွေက နောင်လာမယ့် ရာစုနှစ်တွေအထိ ထိန်းသိမ်းသွားမယ့် ပွဲတော်ကြီး။ ကမ္ဘာတည်သ၍ ရိုးရာအမွေကို ထိန်းသိမ်းကြလိမ့်မယ်။ တောင်ကြီးမြို့နဲ့ မီးပုံးပျံဆိုတာ နှစ်လွှာပေါင်း တစ်ရွက်ဖြစ်တဲ့ စွယ်တော်။ တစ်ခြမ်းစီ ဖဲ့လိုက်တာနဲ့ တောင်ပေါ်သားတို့ရိုးရာ မဟုတ်တော့ဘူး။ မီးပုံးပျံပွဲတော်ဟာ ကမ္ဘာပျက်တဲ့အထိ တောင်ကြီးမြို့ပေါ်မှာ ရှိမှ ပြည့်၀တဲ့ ရသတွေ ပေးစွမ်းနိုင်တယ်။ တောင်ပေါ်သား တောင်ကြီးသားတွေကလည်း ကမ္ဘာကျော် မီးပုံးပျံပွဲတော်ကြီးကို တောင်ကြီးမြို့မှာ လုပ်မှ အဓိပ္ပာယ်ပြည့်၀တယ်လို့ ခံယူထားကြတယ်။

.

မီးပုံးပျံပွဲတော်ကြီး လုပ်တဲ့အချိန်အခါက ဆောင်းနှင်းတွေ သီးစပွင့်စ။ တစ်ခါတစ်ခါ အိပ်တန်းပြန် မိုးပေါက်တွေ ဗွေဖောက် လာတတ်လေးတော့ ရှိတာပေါ့။ သေချာတာတော့ သီးကင်းစ နှင်းစက်တွေ ပလူးတဲ့ အချိန်။ နေကျတာနဲ့ နှင်းစက်က စ ရိုက်တယ်။ ကျီစယ်တယ် ပြောရမလား။ ခပ်ပါးပါးအင်္ကျီနဲ့ တက်မလာနဲ့ တောက်ချလိုက်မယ် ဆိုတာမျိုး။ ညနေစောင်းတာနဲ့ တောင်ကြီးဒေသခံတွေရဲ့ ကိုယ်ပေါ်မှာအင်္ကျီထူတွေ၊ အနွေးထည်တွေ သူ့ထက် ငါ အပြိုင်းအရိုင်း နေရာယူလာကြတယ်။ နွေရာသီ ရက်တချို့က လွဲရင် တောင်ကြီးမြို့က ခပ်လတ်လတ် အထူလေး ဝတ်ထားမှ အဆင်ပြေတယ်လို့ ဆိုတယ်။ ဒါလည်း တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ် အလှတရားတစ်ခု။ အင်္ကျီထူတကားကားနဲ့ တစ်နှစ်ပတ်လုံး လမ်းသလားဖို့ တော်ရုံစကေးနဲ့မှ မရနိုင်တာ။ ပင်လယ်ရေ မျက်ပြင်ထက်အမြင့်ပေ ၅၀၀၀ နီးပါးရှိတဲ့ မြို့တော်တောင်ကြီး။

.

အမှန်တော့ အခုချိန်က လွမ်းရောင်သမ်းတဲ့ ရှမ်းတောင်တန်းမှာ သွေးချင်းတို့ အိုးစည်သံတွေ ညံနေရမယ့်အချိန်။ လင်ကွင်းခတ်သံ မောင်းရိုက်သံတွေ တချွမ်ချွမ် တဒူဒူနဲ့ပေါ့။ ပုံမှန်အတိုင်းဆို အရောင်အသွေးစုံတဲ့ တိုင်းရင်းသား ညီရင်းအစ်ကို မောင်နဲ့နှစ်မတစ်တွေ ဘုရားသွား ကျောင်းတက်ရင်း တစ်မူးရလို့ တစ်ပဲလှူ နေကြလိမ့်မယ်။ ပဒေသာပင်တွေ ထမ်းရင်း တတောက်တောက်ကျတဲ့ ချွေးစက်တွေ မမှုအားကြဘူး။

.

အမှန်တော့ အခုချိန်က လွမ်းရောင်သမ်းတဲ့ ရှမ်းတောင်တန်းမှာ သွေးချင်းတို့ အိုးစည်သံတွေ ညံနေရမယ့်အချိန်။ လင်ကွင်းခတ်သံ မောင်းရိုက်သံတွေ တချွမ်ချွမ် တဒူဒူနဲ့ပေါ့။ ပုံမှန်အတိုင်းဆို အရောင်အသွေးစုံတဲ့ တိုင်းရင်းသား ညီရင်းအစ်ကို မောင်နဲ့နှစ်မတစ်တွေ ဘုရားသွား ကျောင်းတက်ရင်း တစ်မူးရလို့ တစ်ပဲလှူ နေကြလိမ့်မယ်။ ပဒေသာပင်တွေ ထမ်းရင်း တတောက်တောက်ကျတဲ့ ချွေးစက်တွေ မမှုအားကြဘူး။ ရိုးရာပွဲတော်နဲ့ ပတ်သက်ရင် တောင်ကြီးသား၊ တောင်ကြီးသူတွေ အရောင်အသွေး မခွဲခြားတတ်ဘူး။ တောင်တန်းကြီး ရင်ငွေ့ကို ခိုလှုံသူတိုင်းအတွက် လက်ရည်တစ်ပြင်တည်း စိတ်ထားတွေ။ မီးပုံးပျံနဲ့ ပတ်သက်ရင် တောင်ကြီးကအမျိုးတွေ ပိုပြီး ညီညွတ်ကြတယ်။ အခြေအနေ အကြောင်းတရားကြောင့် ကမ္ဘာကျော်တဲ့ ပွဲတော်က ဒီတစ်နှစ်တော့ ရပ်ရပ်ဆိုင်းဆိုင်း။ အဆင်ပြေရင်တော့ လာမယ့် တစ်နှစ်ပေါ့။

.


 

တောင်ကြီးက အမျိုးနဲ့ ရပ်ဝေးက အဆွေတွေ ပြောကြတယ်။ အချိန်အခါ ကျနေပြီ။ တောင်ကြီးမြို့ ကောင်းကင်ယံမှာ မြို့သင်္ကေတတွေ ပျောက်နေတော့ ရင်ဘတ်ထဲ ဟာတာတာနဲ့တဲ့။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်လည်း တစ်ခန်းရပ်ခဲ့တယ်။ သီတင်းကျွတ်မီးထွန်းပွဲတော်လည်း သင်္ကြန်အတိုင်း။ အဲဒီတော့ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့က ရိုးရာတန်ဆောင်တိုင် မီးပုံးပျံပွဲတော်လည်း ရှေ့ကလမ်းစဉ်အတိုင်းပေါ့။ ကမ္ဘာတစ်ခွင်နဲ့ မြန်မာပြည်ကို ကျရောက်နေတဲ့ ကပ်ရောဂါဆိုးက ဘယ်အချိန်ဘယ်ကာလအထိ ခြေဆန့်နေမယ် မပြောတတ်ဘူး။ ဒီကောင် ငဗစ် ဇာတ်သိမ်းခန်း ရောက်တဲ့တစ်နေ့မှ ဆယ်နှစ်လ ရာသီလုံး ဆယ့်နှစ်ပွဲဈေးသည်တွေရဲ့ အလှကို မြင်ရလိမ့်မယ်။ လတ်တလောတော့ လက်ဆေးရမယ်။ တတ်နိုင်သမျှ လူစုလူဝေး ရှောင်ရလိမ့်မယ်။ တစ်ဦးနဲ့ တစ်ယောက် ခြောက်ပေ ကွာ နေကြတာပေါ့။

.

တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ တန်ဆောင်တိုင် ပွဲတော်ကြီးက အမျိုးတွေ လွမ်းမယ်ဆိုလည်း လွမ်းချင်စရာ။ ဘာကြောင့် လွမ်းကြလဲတော့ အဖြေက အရှင်းသား။ မီးကျည်(မီးကြီး)၊ စိန်နားပန်၊ နေ့လွှတ်အရုပ်ဆိုတဲ့ ကမ္ဘာကျော် မီးပုံးပျံတွေကြောင့်။ ဘယ်အရပ်မှာ ဘယ်လောက်ပဲ မီးပုံးပျံတွေ လွှတ်တင်နေပါစေ မီးပုံးပျံနဲ့ ပတ်သက်ရင်တော့ မြို့တော်တောင်ကြီးက အထာကျတဲ့ ဆရာတစ်ဆူ။ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဆိုတာနဲ့ အားလုံးရဲ့ မျက်လုံးထဲမှာ တောင်ကြီးမြို့တော်ကို မြင်ကြတယ်။ ကမ္ဘောဇတိုင်းရဲ့ မြို့တော်ကို တစ်ခေါက်တစ်ခါတော့ အရောက် လှမ်းလာကြတယ်။ ရောက်လာကြတဲ့ လူတိုင်း တောင်ကြီးမြို့တော် အလှကို စာဖွဲ့ကြတယ်။ သူ့ရပ်ဌာနေ ရောက်ပြန်တော့ တောင်ကြီးမြို့တော်ကို လွမ်းကြပြန်ရော။ သူတို့တွေ လွမ်းကြတဲ့အထဲ မြို့တော်တောင်ကြီးနဲ့ အတူ မီးပုံးပျံ ပါရောပါနေတော့တာပေါ့။

.


တောင်ကြီးမြို့နဲ့ မီးပုံးပျံကို ချစ်တဲ့ ရပ်ဝေးအဆွေတွေက ပြောဖူးတယ်။ မီးပုံးပျံက ပွဲတော်ကာလအတွင်းမှာပဲ မြင်ခွင့်ရတယ်။ အမှတ်တရ ဓာတ်ပုံ ရိုက်ချင်ရင်လည်း မီးပုံးပျံပွဲတော်ကြီး ရှိနေမှ အဆင်ပြေတယ်။ ကျန်တဲ့အချိန ်ခရီးတစ်ထောက်လာရင်း တောင်ကြီးမြို့ သင်္ကေတ မီးပုံးပျံကို ဘယ်နားမှ ရှာလို့ မရဘူး။ မြို့ရဲ့ အထိမ်းအမှတ်နဲ့ ဓာတ်ပုံတွဲရိုက်လို့ရအောင် အစိုးရ အစီအစဉ်နဲ့ဖြစ်စေ၊ တောင်ကြီးသား တောင်ကြီးသူတွေရဲ့ အစီအစဉ်နဲ့ ဖြစ်ဖြစ် လုပ်ဆောင်ထားနိုင်ရင် ပို မကောင်းဘူးလားတဲ့။ ဆိုလိုချင်တာက မီးပုံးပျံနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် ရုပ်တု။ မြို့ရဲ့သင့်တော်တဲ့ နေရာ တစ်ခုမှာ လုပ်ထားစေချင်ကြတယ်။ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကာလမဟုတ်တဲ့ အချိန်ရပ်ဝေးက အဆွေတွေ ရောက်လာခဲ့ရင် တောင်ကြီးမြို့ အထိမ်းအမှတ် မီးပုံးပျံနဲ့ သူတို့အရပ်ဒေသကို အမှတ်တရတွေ သယ်ဆောင်သွားနိုင်ဖို့။

.

တစ်လောက သတင်းစာ ဖတ်ရင်း မြို့အမှတ် သင်္ကေတလုပ်တဲ့ အကြောင်းအရာ တစ်ခု ဖတ်လိုက်ရတယ်။ ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိတဲ့ ကချင်ပြည်နယ် ဖားကန်မြို့အဝင် ဆိုင်းဘုတ်အနားမှာ အလေးချိန် တစ်တန်ကျော်လောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကို မြို့ရဲ့ အမှတ်သင်္ကေတ အဖြစ် ထားရှိပါတယ်။ ဒီလိုမြို့ အမှတ်သင်္ကေတ အဖြစ် လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ကျောက်စိမ်းအရိုင်းတုံးကို ဖားကန့်ဒေသခံ ဆန်ခါကျေးရွာက အလှူရှင်တစ်ဦးက လှူဒါန်ပေးတယ်လို့ သိရပါတယ်။ တန်ဖိုးအားဖြင့်တော့ ကျပ် သိန်း ၃၀၀ ရှိတယ်လို့ ဆိုပါတယ်။ မြို့အဝင်မှာ ကျောက်စိမ်းအရိုင်းတုံး ထားရှိဖို့ ကျန်တဲ့ အထွေထွေ ကုန်ကျစရိတ်ကိုတော့ ဖားကန့်မြို့နယ်စည်ပင်သာယာနဲ့ ဒေသခံတွေက လှူဒါန်းပေးကြတယ်။ ကချင်ပြည်နယ်ရယ်၊ ဖားကန့်မြို့ရယ်၊ ကျောက်စိမ်းရယ်ဆိုတာ ခွဲခြားထားလို့မှ မရနိုင်တာ။

.

နောက်ထပ် အမှတ်အသား လုပ်တဲ့ မြို့က ပင်လယ်ဆိပ်ကမ်းမြို့။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အဝင်တံတားအနီးမှာ မြို့ကျက်သရေဆောင် အဖြစ်ခရု ပုံရုပ်တုကြီး တစ်ခု ပြုလုပ်ထားတယ်။ ပင်လယ်ဆိပ်ကမ်း မြို့ဖြစ်တဲ့အတွက် ဒေသခံတွေဟာ ရေလုပ်ငန်းနဲ့ အသက်မွေးကြတယ်။ ပင်လယ်ပြင်က သူတို့တွေရဲ့ အသက်သွေးကြော။ အရာရာတိုင်းက ပင်လယ်ပြင်နဲ့ ဆက်စပ်နေကြတယ်။ ခရုပုံ ရုပ်တုကြီးက သူတို့မြို့ရဲ့ အထိမ်းအမှတ်။ ဒီရုပ်တုကြီး လုပ်ပြီးတဲ့ နောက်ပိုင်း လာရောက်လည်ပတ်သူတွေ စည်ကားလာတယ်။ နိုင်ငံခြားသားတွေတောင် စိတ်ဝင်စားလာကြတယ်လို့ ဆိုတယ်။ ပဲခူးကို ရောက်သွားရင် ဟင်္သာမောင်နှံရုပ်တု တွေ့ရလိမ့်မယ်။ ချင်းတောင်တန်းကြီးဘက်ကတော့ အောက်ချင်းမောင်နှံ။ မြန်မာပြည်တစ်ဝှမ်းမှာ သူ့နေရာနဲ့ သူ ထင်သာမြင်သာ ရှိတဲ့ အထိမ်းအမှတ်တွေ ရှိနေတယ်။

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ ရိုးရာ အစဉ်မပျက် ပြုလုပ်လာတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးက မြန်မာတစ်ခွင် ကမ္ဘာတစ်ပတ် ထင်ရှားကျော်ကြားတဲ့ ပွဲတော်ကြီး တစ်ခု။


ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ ရိုးရာ အစဉ်မပျက် ပြုလုပ်လာတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးက မြန်မာတစ်ခွင် ကမ္ဘာတစ်ပတ် ထင်ရှားကျော်ကြားတဲ့ ပွဲတော်ကြီး တစ်ခု။ ၂၀၂၀ ပြည့်နှစ်အတွက်တော့ ကပ်ရောဂါ ဆိုးကြောင့် အစဉ်အလာ ဖောက်ပြီး တစ်ခန်း ရပ်ခဲ့ရတယ်။ ပွဲတော်ကြီး မလုပ်ရပေမယ့် တောင်ကြီးသား တောင်ကြီးသူတွေ ရင်ဘတ်ထဲမှာ မီးပုံးပျံ လွှတ်တင်နေကြတယ်။ တချို့လူတွေရဲ့ ရင်ဘတ်ထဲမှာ မီးပုံးပျံနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် သင်္ကေတ လုပ်ချင်တဲ့ ဆန္ဒ ရှိနေတယ်။ ရပ်ဝေးက မိတ်ဆွေတွေကလည်း တောင်ကြီးမြို့ အထိမ်းအမှတ် ကမ္ဘာကျော် မီးပုံးပျံကို အမှတ်အသား တစ်ခုအနေနဲ့ မြင်တွေ့ချင်ကြတယ်။ မြို့တော်တောင်ကြီးနဲ့ မီးပုံးပျံဆိုတာ ခွဲခြားလို့ မရနိုင်တဲ့အတွက် မီးပုံးပျံ အထိမ်းအမှတ်အဖြစ် သင့်တော်ရာ နေရာ တစ်ခုမှာ အမှတ်အသား ရုပ်တု ပြုလုပ်နိုင်မလား ဆိုတာတော့

.

No comments:

Post a Comment

Journal Download

Photo of three cats

About