.
“ ခွင့် မပြုသေးဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက SOP ဆွဲနေသေးတယ်။ ကျွန်တော်တို့က ခွင့်ပြုလို့လည်း မရဘူး။ COVID-19 ဗဟိုကော်မတီကို ခွင့်ပြုချက် တင်ရမှာ၊ ကျန်းမာရေးဝန်ကြီးဌာနကို မေးကြည့်တော့ SOP လုပ်နေပြီ၊ အကုန်လုံး ပေးမှာလို့ ပြောတယ်။ လောလောဆယ်တော့ ခွင့်မပြုသေးဘူး၊ ဒီနေ့ ဆုံးဖြတ်ချက်ကတော့ ပြည်ထောင်စုက SOP ကို ခဏစောင့်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပါတယ်။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ် ရောင်းချခွင့် ရရှိရေးအတွက် ယနေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခြင်း မပြုဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၂၃ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။