■ မင်းဇော်မင်း ရေးသားသည်။
.
၂၀၂၀ ပြည့်နှစ် သမိုင်းဝင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီး နိုဝင်ဘာလ ၈ ရက်က ပြုလုပ် ပြီးစီး၍ ထွက်ပေါ်လာသည့် ရလဒ်များအား နိုဝင်ဘာလ ၁၆ ရက်တွင် အားလုံး ထုတ်ပြန်ပြီး ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။
.
နောက်ဆက်တွဲ လှိုင်းဂယက်များ မည်သို့ပင် ရှိစေ Final Result ထုတ်ပြန်ပြီး ဖြစ်သဖြင့် ကန့်ကွက်လိုသူများက တစ်ဦးလျှင် ကျပ် ၅ သိန်း ဘဏ်သွင်း၍ ၄၅ ရက်အတွင်း ကန့်ကွက်ရတော့မည် ဖြစ်သည်။ အမှန်/အမှားကို ဆိုင်ရာ ခုံအဖွဲ့တွေက ဆုံးဖြတ်ကြပေလိမ့်မည်။
.
ထွက်ရှိလာသည့် အနိုင်ရသူများဖြင့် အသစ်ပေါ်လာမည့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းပုံ အသွင်သဏ္ဍာန်ကို မှန်းမျှော်ကြည့်မိသည်။
.
သမိုင်းကြောင်းကို ကြည့်လျှင် ပထမအကြိမ် (၂၀၁၁ - ၂၀၁၆) အစိုးရသက်တမ်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က အနိုင် ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့ပြီး အဆိုပါ အချိန်က (ရှမ်း) တစ်ပါတီတည်းသာ ရှိသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) က ရှမ်းပြည်နယ်အစိုးရတွင် ပါဝင်နိုင်ခဲ့သည်။ လူထု ဆန္ဒမဲဖြင့် ရရှိခဲ့သည့် တိုင်းရင်းသားရေးရာ ဝန်ကြီးများမှာလည်း ဌာန လက်ကိုင်မရှိ အဆင့်သာ ရှိခဲ့ရသည်။ (ဤသည်က အစိမ်းခေတ်)
.
လက်ရှိ ဒုတိယအကြိမ် အစိုးရသက်တမ်း (၂၀၁၆- ၂၀၂၁)တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တစ်ပြည်လုံးတွင် အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့သော်လည်း ရှမ်းပြည်နယ်တွင်မူ မဲဆန္ဒနယ် တတိယနေရာတွင်သာ ရှိနေခဲ့သဖြင့် လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဥက္ကဌနှင့် ဒုဥက္ကဌ နေရာများကို သိမ်းပိုက်ထားခဲ့သည့်အပြင် အစိုးရအဖွဲ့တွင်လည်း ဝန်ကြီးနေရာများ ရယူခဲ့သည်။ ထူးခြားမှု တစ်ခုမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးအချို့ ဌာနလက်ကိုင်ဖြင့် အလုပ် လုပ်ခွင့် ရရှိလာသည်ကို တွေ့မြင်နိုင်ပေသည်။ (ဤသည်က အနီခေတ်)
.
ယခု တတိယအကြိမ် အစိုးရသက်တမ်းအတွက် ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်တိုင်းပြည်လုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သောင်ပြို၊ ကမ်းပြိုအပြင် အကုန်လုံး ပြိုသည့် အနေအထား အနိုင်ရသည်ဟု ကြွေးကြော်သလို အနိုင်ရသည်အတွက် အစိုးရအဖွဲ့ကို အားကောင်းစွာ ဖွဲ့နိုင်မည် ဖြစ်သလို လွှတ်တော်တွင် ထိုင်ခုံ နေရာ ပိုရလာသည့်အတွက် စွမ်းဆောင်နိုင်ရည် ပိုမို ရှိလာမည်ဟု ခန့်မှန်းပါသည်။
.
ရှမ်းပြည်နယ်တွင် အနိုင်ရ ပါတီများကို လေ့လာစေ့ငု ကြည့်ပါက ရွေးကောက်ခံ မဟုတ်သူ တပ်မတော်သား ကိုယ်စားလှယ် ၃၆ ဦးနှင့် ရွေးကောက်ခံဖြစ်သည့် USDP ပါတီမှ ၂၄ ဦး၊ ပေါင်း ၆၀ ဦးဖြင့် ပထမနေရာ.
ရှမ်းပြည်နယ်တွင် အနိုင်ရ ပါတီများကို လေ့လာစေ့ငု ကြည့်ပါက ရွေးကောက်ခံ မဟုတ်သူ တပ်မတော်သား ကိုယ်စားလှယ် ၃၆ ဦးနှင့် ရွေးကောက်ခံဖြစ်သည့် USDP ပါတီမှ ၂၄ ဦး၊ ပေါင်း ၆၀ ဦးဖြင့် ပထမနေရာတွင် ရှိနေမည် ဖြစ်ပြီး ဒုတိယအနေဖြင့် NLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး (လွှတ်တော်ကိုယ်စားလှယ်) ၄ ဦး၊ စုစုပေါင်း ၃၃ ဦးဖြင့် ရှိနေကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၂၆ ဦးဖြင့် တတိယနေရာတွင် ရှိနေကြောင်း တွေ့ရသည်။
.
အခြား ပါတီများ ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က ၇ ဦး၊ တအာင်းပလောင်အမျိုးသားပါတီ (TNP) က ၇ ဦး၊ “ဝ” အမျိုးသားပါတီ (WNP) က ၂ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) က ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ၁ ဦး၊ ကယန်းအမျိုးသားပါတီ(KNP) က ၁ ဦး နှင့် တစ်သီးပုဂ္ဂလ ၂ ဦးတို့ကလည်း အစဉ်လိုက် ကိုယ်စားလှယ်နေရာများကို ရရှိထားသည်။
.
အချုပ်ဆိုရသော် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၉၈ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၇ ဦး၊ စုစုပေါင်း ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၅ ဦးအား တပ်မတော်သား ကိုယ်စားလှယ် ၃၆ ဦး ထည့်ပေါင်းပါက ရှမ်းပြည်နယ် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၄၁ ဦး ရှိမည် ဖြစ်သည်။
.
ရှမ်းပြည်နယ် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၄၁ ဦး ရှိမည် ဖြစ်သည်
.
အရေအတွက် ရပြီ ဖြစ်၍ ခန့်မှန်းကြည့်မိပါသည်။ (စာရေးသူ၏ ခန့်မှန်းချက် အမြင်ဖြင့် စိတ်ကူးကြည့်မိခြင်း ဖြစ်၍ မဟုတ်လျှင် လွဲပါမည်။ စိတ်ကူးဆိုသည်မှာ ဈေးမကြီးဟု ယူဆပါသဖြင့် စိတ်ကူးခြင်းသာ ဖြစ်သည်ကို ဝန်ခံပါသည်။)
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သက်တမ်းတွင် ဥက္ကဌ တာဝန်ယူခဲ့သူမှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသည့်အပြင် ဒုဥက္ကဌ ဖြစ်သူမှာလည်း ရွေးကောက်ပွဲ အနိုင် မရသဖြင့် ၂ နေရာလုံးကို USDP အနေဖြင့် အသစ် မှန်းရမည် ဖြစ်သည်။ ယခင်က လွှတ်တော်အတွင်း USDP မှ အာဏာ ကြီးခဲ့သူသည်လည်း အမျိုးသားလွှတ်တော်တွင် အနိုင် ရသွားသဖြင့် ပြည်နယ်လွှတ်တော်နှင့် မဆိုင်တော့ပြီ။
.
သို့အတွက် USDP အုပ်စုအတွက် USDP ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်ပေါင်း ၆၀ အပြင် ၎င်းတို့၏ မိတ်ဖက်ပါတီ ကိုယ်စားလှယ်များဖြင့် ပေါင်းပါက ၇၀ ကျော် ရမည် ဖြစ်ရာ ယင်းတို့ထဲမှ လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌတို့ကို ရွေးမည်လားဆိုသည်ကို စဉ်းစားရမည် ဖြစ်သည်။ USDP မှ ထင်ရှားသူ လွှတ်တော်ကိုယ်စားလှယ်မှာ မိုင်းဆတ်မဲဆန္ဒနယ်မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း (ဗိုလ်မှူးကြီး-ငြိမ်း) က အဓိက ဖြစ်လာမည် ဖြစ်သည်။
.
NLD အနေဖြင့် ဒုတိယနေရာတွင် ၃၃ ဦးဖြင့် ရှိနေသော်လည်း (ရွေးကောက်ခံ ကိုယ်စားလှယ်များတွင် အများဆုံး ဖြစ်) USDP မိတ်ဖက်ပါတီမှ ကိုယ်စားလှယ်များမပါ ကျန် အခြားပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ပေါင်းလျှင်တောင်မှ ပထမနေရာကို အင်အားအရ မကျော်လွန်နိုင်သဖြင့် ရှမ်းပြည်နယ်လွှတ်တော်ကို USDP နှင့် အပေါင်းပါ များကသာ ယခင်အတိုင်း ဆက်လက် လွှမ်းမိုးနေမည် ဖြစ်သည်ဟု ခန့်မှန်းပါသည်။
.
သို့သော် နိုင်ငံရေး ရေချိန် မြင့်လာသည့် ရှမ်းပြည်နယ်၏ အခြေအနေအရ NLD ကသာ လွှတ်တော်ဥက္ကဌ နေရာကို ရယူနိုင်ပါက.
သို့သော် နိုင်ငံရေး ရေချိန် မြင့်လာသည့် ရှမ်းပြည်နယ်၏ အခြေအနေအရ NLD ကသာ လွှတ်တော်ဥက္ကဌ နေရာကို ရယူနိုင်ပါက အမျိုသားလွှတ်တော်မှ ပြည်နယ်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် ပြောင်း လာသည့် ပြည်နယ် ဥက္ကဌ ဦးဇော်မင်းလတ်ရှိသည်။ ထို့အတူ တောင်ကြီး မဲဆန္ဒနယ်အမှတ်(၂)က ဒေါက်တာ ဒေါ်သန်းငွေလည်း ရှိနေသည်။ ထို့အပြင် လက်ရှိ အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး ၃ ဦးတို့လည်း ရှိနေပြန်သည်။ အုပ်ချုပ်ရေး မဏ္ဍိုင်ကနေ ဥပဒေပြုရေးမဏ္ဍိုင်ကို ပြောင်းမလား မသိ။ ပါတီဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ သဘောသာ ဖြစ်ချေမည်။
.
အခြားအမြင် တစ်ခုအနေဖြင့် ဆိုရလျှင် SNLD ပါတီမှ ဒုဥက္ကဌ(၂) ဖြစ်သူ ဦးခင်မောင်ညွန့်ကို မြင်မိသည်။ ၎င်းကို လွှတ်တော် ဒုတိယအကြီးအကဲအနေဖြင့် သို့မဟုတ် အစိုးရအဖွဲ့တွင် ဖြစ်စေ ပါဝင်မည်ဟု ခန့်မှန်းမိသော်လည်း ဒုတိယသက်တမ်းတွင် SNLD မှ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ခဲ့ခြင်း မရှိသည့်အချက်အရ ပြည်နယ်လွှတ်တော်ကို ပို မြင်မိကြောင်းပါ။
.
မည်သို့ပင် ဖြစ်စေ Covid-19 ရောဂါ ကပ်ကာလကြီးအတွက် အသက်ကိုပင် ပဓာန မထားဘဲ မဲပေးခဲ့ကြသူ အများပြည်သူ၏ ပိုမို ကောင်းမွန်သည့် ဘ၀ လုံခြုံရေး၊ တိုးတက်ရေးတို့ကို ဦးထိပ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော်ကြီးဆီသို့ ဦးဆောင် ခေါ်ယူသွားနိုင်ရေးကို တိုက်တွန်းလိုပါသည်။
.
ပြန်လည် အရွေး မခံတော့သည့် ရှမ်းပြည်နယ်လွှတ်တော်တိုင်ကြားစာများ စိစစ်ရေးကော်မတီဥက္ကဌ တာဝန်ယူခဲ့သူ မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမျိုးမြင့်ကမူ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သက်တမ်းမှာ လှေကို ကမ်းစပ်တွင် ကြိုးချည်ပြီး လှော်ရသည့် အဖြစ်ဖြင့် ပမာ တင်စားကာ လုပ်ဆောင်သမျှ အရာမထင် ခရီး မပေါက်ကြောင်း ပြောကြားခဲ့သည်။
.
လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တော့မည့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လက်ရှိ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းက မည်သည့် တင်ပြချက် အဆိုမျှ မပြုခဲ့သူ အများအပြား ရှိခဲ့သည့် အခြေအနေမျိုးများ ရှိခဲ့သည်ထက် ပိုမို ကောင်းမွန်သည့် လွှတ်တော်အသစ်အား မှန်းမျှော် ကြိုဆို ဂုဏ်ပြုရင်း ရှမ်းပြည်နယ်အစိုးရနဲ့ ရှမ်းပြည်နယ်တရားလွှတ်တော်ကို နည်းမှန်၊ လမ်းမှန်ဖြင့် ထိန်းကျောင်းနိုင်ပါစေလို့ ဆန္ဒ ပြုရင်း ကျိုးကြောင်းကျ ဝေဖန်ဖို့၊ လွတ်လွတ်လပ်လပ် အမှီခိုကင်းကင်း၊ ယဉ်ယဉ်ကျေးကျေး ၊ လူကြီးလူကောင်း ဆန်ဆန် သဘောထား ကွဲဖို့နဲ့ ဆင်ခြင်သတိ ပြုမိကြဖို့ မေတ္တာရပ်ခံရင်းဖြင့်။ ။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လက်ရှိ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းက မည်သည့် တင်ပြချက် အဆိုမျှ မပြုခဲ့သူ အများအပြား ရှိခဲ့သည့် အခြေအနေမျိုးများ ရှိခဲ့သည်ထက် ပိုမို ကောင်းမွန်သည့် လွှတ်တော်အသစ်အား မှန်းမျှော် ကြိုဆို ဂုဏ်ပြု