မော်တော်ယာဉ်ကြီး အသင်းဝင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် COVID-19 ပိုး တွေ့ပါက ၅၀၀၀၀ ကျပ်နှုန်း ထောက်ပံ့မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 28, 2020

မော်တော်ယာဉ်ကြီး အသင်းဝင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် COVID-19 ပိုး တွေ့ပါက ၅၀၀၀၀ ကျပ်နှုန်း ထောက်ပံ့မည်

စုလှိုင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ မော်တော်ယာဉ်ကြီးအသင်းဝင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အနက် COVID- 19 ပိုး တွေ့ရှိခဲ့သူနှင့် ထိတွေ့သူများကို နိုဝင်ဘာလ ၂၈ ရက်မှ စတင်၍ တစ်ဦးလျှင် ၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

ယာဉ်ကြီးအသင်း ဝင်ထားတဲ့ ကားတွေပေါ့။ ယာဉ်ကြီးအသင်း ဝင်ထားတဲ့ ကားတွေ ဆိုတာလည်း ကလောမြို့နယ်က ကားပဲ အသင်းဝင်လို့ရတာပါ။ ပင်းတယမြို့နယ်ထဲက ကားမျိုးဆို အသင်းဝင်လို့ မရဘူး။ ကျွန်တော်တို့ဆီမှာ စာရင်း​ပေါက်တဲ့ ကားဆရာ မှန်သမျှ ဖြစ်တယ်ဆိုရင် ရမှာပါ။ ယာဉ်မောင်း ပိုးတွေ့တယ်ဆိုရင် ယာဉ်နောက်လိုက်လည်း ဖြစ်မှာဆိုတော့ ကား တစ်စီးမှာ တစ်ယောက်ဖြစ်ပြီ ဆိုတာနဲ့ ယောက်လုံး ထောက်ပံ့ကြေး ရမှာပါဟု ကလောမြို့နယ် ယာဉ်ကြီးအသင်းမှ ဥက္ကဌ ဦးငြိမ်းချမ်းစိုးမှ ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ ထောက်ပံ့ရာတွင် ဆေးလက်မှတ်၊ ထောက်ခံချက်များ ပါရှိမှသာ ထောက်ပံ့မှု ပေးမည် ဖြစ်ပြီး အသင်းဝင် ကုန်တင်ယာဉ်များကိုသာ ထောက်ပံ့မှု ပေးမည် ဖြစ်ကြောင်း သိရသည်။

.

ယာဉ်ငယ်က ယာဉ်ငယ်လိုင်း သီးသန့် ရှိတယ်။ ယာဉ်ကြီးဆိုတာက အသေးဆုံး Canter လောက်ထိ ပါမယ်။ Canter က တောင်ကြီး -အောင်ပန်းကား မပါဘူး ။ ဟိုက်ဝေးသွားတဲ့ Canter ပဲ ပါမယ်။ အဓိက က အသင်းဝင်ထားတဲ့ ကားမှ ရပါမယ်။ဟု ဦးငြိမ်းချမ်းစိုးမှ ဆက်လက် ပြောဆိုသည်။

.

ကလောမြို့နယ် မော်တော်ယာဉ်ကြီးအသင်းကို လွန်ခဲ့သော ၃ လခန့်မှ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အသင်းဝင် မော်တော်ယာဉ် အရေအတွက် ၃၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats