မင်းဇော်မင်း
.
ယနေ့ နိုဝင်ဘာလ ၈ ရက်က ပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရေအတွက်၏ ၄၇ ရာခိုင်နှုန်းခန့်သာ လာရောက် မဲပေးခဲ့ကြောင်း သိရသည်။
.
.
မိုင်းတုံမြို့နယ်တွင် မဲရုံ ၆၄ ရုံ၊ မဲဆန္ဒရှင်ပေါင်း ၄၇၆၈၇ ဦးရှိရာ စုစုပေါင်း ၂၂၅၇၈ ဦးသာ လာရောက်မဲပေးခဲ့သဖြင့် မဲပေးသူ ၄၇ ဒသမ ၃၄ ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။
.
မိုင်းတုံတွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကြိုတင်ဆန္ဒမဲပေးသူ ၃၉၂၉ ဦးရှိခဲ့ပြီး ဆန္ဒမဲလက်မှတ်များကို ယနေ့ နိုဝင်ဘာလ ၈ ရက်၊ ညနေ ၄ နာရီမှစတင်၍ ယင်းကြိုတင်မဲများကို ရေတွက်လျက်ရှိကာ မဲရုံမဲပုံးများ ကိုစောင့်ဆိုင်းလျက် ရှိကြောင်းသိရသည်။
.