ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာ​​​ ၆ ရွာတွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာ​​​ ၆ ရွာတွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်

ငြိမ်းသူ

.

ကွန်ဟိန်းမြို့နယ် အတွင်းရှိ လွယ်ဆိုင်၊ လုပ်ဖိုင်၊ နမ့်ဟူးလျင်၊ ဝမ်ပန်၊ ဆိုင်းခေါင်(တ)၊ နားလေကျေးရွာ ရွာတွင် သောက်သုံးရေ ရရှိရေးအတွက် စိမ့်စမ်းရေ ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို ၂၀၂၀-၂၁ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြု ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.


 

ယင်း ကျေးရွာ ၆ ရွာတွင် သောက်သုံးရေ ရရှိရေးအဖြစ် စိမ့်စမ်းရေ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးသွားပါက အိမ်ခြေ ၇၄၉ ခုမှ လူဦးရေ ၃၇၀၀ ဦးအပြင် ကျွဲနွားတိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေ ရရှိမည် ဖြစ်ကြောင်း အကျိုးပြုမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဆူး က ပြောသည်။

.

ယင်းကဲ့သို့ သောက်သုံးရေ ရရှိရေးအတွက်အရှည် ၁၅ မိုင်ရှ စိမ့်စမ်းရေ ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန် ၆ ကန် တည်​​ဆောက်ခြင်း၊ ရေတားတမံ ၆ ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၈၈ သန်းကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats