ကမ္ဘောဇဘဏ်သည် ပထမနေရာမှ ၈ ကြိမ်မြောက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကမ္ဘောဇဘဏ်သည် ပထမနေရာမှ ၈ ကြိမ်မြောက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ထုတ်ပြန်ခဲ့သည့် ၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သူများစာရင်း (ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်း) တွင် ကမ္ဘောဇဘဏ်အနေဖြင့် ပထမနေရာမှ ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ဘဏ်အဖြစ် ပါဝင်ခဲ့သည်။

.



က​မ္ဘောဇဘဏ်သည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို  ပထမနေရာမှ ၈ ကြိမ်မြောက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် ဘဏ်အဖြစ် မှတ်တမ်းဝင်ခဲ့​ကြောင်း သိရသည်။

.

" အခုလို နိုင်ငံတော်အစိုးရရဲ့ ပြည်သူကို ဗဟိုပြုပြီး အားလုံး ပါဝင်နိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရှိစေဖို့ ဆောင်ရွက်ရာမှာ လိုအပ်တဲ့ ပြည်သူ့ဘဏ္ဍာငွေ ရရှိအောင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်တဲ့အတွက် အထူး ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။" ဟု က​မ္ဘောဇဘဏ်က ထုတ်ပြန်ခဲ့သည်။

.

နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များမှာ ကမ္ဘောဇဘဏ်၏ အများပြည်သူတွေကို ဒစ်ဂျစ်တယ် စီးပွားရေးစနစ် တစ်ခုနဲ့ ချိတ်ဆက်ပေးနိုင်ရန် ဆိုသည့် ကတိကဝတ်၊ မြန်မာနိုင်ငံတွင် အများပြည်သူ အားလုံး ပါဝင်နိုင်​သော ဘဏ္ဍာရေးစနစ် (100% Financial Inclusion) တိုးတက်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်နေသည့် ဘဏ်၏ ကြိုးပမ်းမှုများနှင့် ထပ်တူကျလျက် ရှိ​​ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြပါရှိသည်။

.

ကမ္ဘောဇဘဏ်အနေဖြင့် နှစ်စဉ်အခွန်ပေးဆောင်ရာတွင် တာဝန်သိ နိုင်ငံသားအဖွဲ့အစည်းတစ်ခု အဖြစ် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ရာတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ရန် နိုင်ငံသားတာဝန် တစ်ရပ် အနေဖြင့်  ထမ်းဆောင်နေခြင်း ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats