ဟိုပုံးမြို့နယ်တွင် ကျပ်သိန်း ၁၀၀ ​ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဟိုပုံးမြို့နယ်တွင် ကျပ်သိန်း ၁၀၀ ​ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဟိုပုံးမြို့နယ်တွင် ကျပ်သိန်း ၁၀၀ ​ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို နိုဝင်ဘာလ ၁၅ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဟိုပုံးမြို့နယ်၊ ဟိုပုံး-လွိုင်လင်သွား ကားလမ်းတွင် လွိုင်လင်မြို့ဘက်မှ ဟိုပုံးမြို့ဘက်သို့ စိုင်းမောင် မောင်းနှင်ပြီး လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ အမှတ်(၁)ရပ်ကွက်နေ စိုင်းပီး လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်အား ရပ်တန့်၍ စိုင်းမောင်မှာ လမ်းဘေး လျှိုအတွင်းသို့ ထွက်ပြေးသွားပြီး မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေ ကျပ်သိန်း ၁၀၀)နှင့် ဘိန်းစိမ်းအလေးချိန် ၃၀၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေ ၉၀၀၀၀ ကျပ်)တို့အား စိုင်းပီးနှင့် အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်​ဆေးဝါးနှင့် ဖမ်းဆီးရမိသူအား ဟိုပုံးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats