ကမ္ဘောဇတိုင်း
.
ပေါင်းလောင်းကြိုးဝိုင်း အတွင်း၌ နိုဝင်ဘာလ ၂၃
ရက်က တရားမဝင်သစ်များကို ပိုင်ရှင်မဲ့ အဖြစ် ဖမ်းမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။
.
![]() |
Photo - Forest Department |
ကလောမြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက်က ကလောမြို့နယ်
(ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်း အကွက်အမှတ် (၁၆၃) အတွင်းမှ တရားမဝင်
စကားဝါ/သစ်ယားသစ် ၈၉ လုံး၊ အလေးချိန် ၄၃ ဒသမ ၃၃၄ တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသစ်များနှင့် ပတ်သက်၍ တရားခံများအား
စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.