.
အဆိုပါ အဓမ္မ ပြုကျင့်ခံရသူသည် မြဝတီဘက်မှ ပြန်လာပြီးနောက် တောင်ကြီးတက္ကသိုလ်တွင် Quarantine ဝင်ရောက်နေသည့် ဟိုပုံးမြို့နယ်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ Quarantine Center ရှိ အခန်းအတွင်း ဘုရား ဝတ်ပြုနေစဉ် အရပ် ၅ ပေ ၃ လက်မခန့်၊ ဆံပင်တို၊ အင်္ကျီလက်ရှည်(အနက်)၊ ဘောင်းဘီ(အနက်) ဝတ်ဆင်ထားသော အမည်မသိ အမျိုးသားမှ အခန်းတွင်းသို့ ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော ဓားဖြင့် လည်းပင်းအား ထောက်၍ “မအော်နဲ့ တိတ်တိတ်နေ”ဟု ပြောကာ အလိုမတူဘဲ အဓမ္မ ပြုကျင့်၍ “ အော်လျှင် သတ်ပစ်” မည်ဟု ခြိမ်းခြောက် ပြောဆိုကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဖြစ်စဉ် အခြေအနေနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထက်နိုင်ဟိန်းအား ဆက်သွယ် မေးမြန်းရာတွင် “ စစ်နေတုန်းပဲ ရှိပါသေးတယ်၊ အတိအကျ ပြောလို့ မရသေးဘူး။”ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မ ပြုကျင့်သွားသော အမည်မသိ အမျိုးသားအား တောင်ကြီး မြို့မရဲစခန်းတွင် (ပ) ၅၉၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။