ကျောက်မဲမြို့တွင် နိုင်ငံတော် ထောက်ပံ့ငွေနှင့် ပတ်သက်၍ ပြည်သူများသို့ ရှင်းလင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 23, 2020

ကျောက်မဲမြို့တွင် နိုင်ငံတော် ထောက်ပံ့ငွေနှင့် ပတ်သက်၍ ပြည်သူများသို့ ရှင်းလင်း

ကျောက်မဲမြို့၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်နှင့် အဖွဲ့ဝင်များက အမှတ်(၁) ရပ်ကွက်၊ နယ်မြေ (၃) ရှိ ပြည်သူများအား ဖိတ်ကြား၍ ယနေ့ (နိုဝင်ဘာလ ၂၃ ရက်)၊ နံနက်ပိုင်းတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ငွေများနှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.

 
COVID-19 ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် ပြည်သူများအတွက် အိမ်​ထောင်စု တစ်စု လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ပေးသည့် ငွေများကို ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်၊ နယ်မြေမှူး ဖြစ်သူက ပေးသင့်သူများကို မပေးဘဲ နီးစပ်ရာ ဆွေမျိုးများအား ခွဲဝေပေးထား​ကြောင်း လူမှုကွန်ရက် Facebook တွင် ၃ ကြိမ်တိုင်တိုင်ရေးသား လွှင့်တင်ထားခဲ့မှုကြောင့် ရပ်ကွက်နေ ပြည်သူများ အထင်အမြင် လွဲမှားမှု မဖြစ်စေရေးအတွက် ပြန်လည် ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ကြောင်း အမှတ် (၁) ရပ်ကွက်၊ နယ်မြေ (၃) နယ်မြေမှူးက ပြောသည်။
.
ကျောက်မဲမြို့ ၊ အမှတ် (၁) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေ မရှိသည့် အိမ်ထောင်စု စာရင်းများကို ပြုစု၍ သက်ဆိုင်ရာသို့ ထောက်ပံ့ငွေ ရရှိ​ရေး တင်ပြခဲ့သော်လည်း ခွဲတမ်းအရ အိမ်ထောင်စု ၁၈၂ စု အတွက်သာ ထောက်ပံ့ငွေ ရရှိခဲ့သဖြင့်နယ်မြေ ၁၃ ခုရှိ ဝင်ငွေနည်း ပြည်သူများအား အလှည့်ကျ စနစ်ဖြင့် ပြန်လည် ခွဲဝေ ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ​ကျောက်မဲမြို့၊ အမှတ် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats