ခွန်သန်းအောင်
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ ဈေးတန်းရပ်ကွက်ရှိ
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာရှိ Quarantine Center
တွင် နိုဝင်ဘာလ ၄ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦး မိမိကိုယ်ကို ဝှေးစေ့လှီးဖြတ်၍
ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူမှာ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ နေမျိုးဦး
(၃၅ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် Quarantine Center အပေါ်ထပ်
အိမ်သာအနီး လက်ဆေးစင်ဘေး ပြတင်းပေါက်ရှိ သံတိုင်နှင့် ပုဆိုးအားချည်လျက် သေဆုံးနေခြင်း
ဖြစ်ကာ ခန္ဓာကိုယ်အား စစ်ဆေးရာ ယောက်ျားအင်္ဂါနေရာတွင် စုတ်ပြတ်သွေးထွက်နေသည်ကို တွေ့ရပြီး
ယောကျ်ားအင်္ဂါ ဥ ၂ လုံးကို သေဆုံးရာနေရာအနီးတွင် ပြုတ်ထွက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း
သိရသည်။
.
၎င်း နေမျိုးဦးသည် အောက်တိုဘာလ ၃၀ ရက်က ကျောက်ပန်းတောင်းမြို့မှ
ရွာငံမြို့နယ်၊ မြိုင်ကျေးရွာရှိ အထက (မြိုင်) Quarantine Center သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ယင်းနေ့ညပိုင်းတွင် အရက်သေစာ သောက်စားကာ
ပတ်ဝန်းကျင်အား အော်ဟစ်ဆဲဆိုခြင်းကြောင့် မြိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်
၎င်း၏ဖခင်မှ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာရှိ Quarantine
Center သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦးဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ နေမျိုးဦး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်
သိရှိနိုင်ရန် ရွာငံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၉/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.