ငြိမ်းသူ
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာအုပ်စု၊
ပယ်ကင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့သည့်
၄၀၀ ဗို့ ဓါတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း
သိရသည်။
.
ပယ်ကင်းကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း
၅၂၈၀ ပေသွယ်တန်းခြင်းလုပ်ငန်းများကို မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေကျပ် ၃ ဒသမ
၅ သန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ စင်တင်ဘာလအတွင်းက စတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး
ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် ထံက သိရသည်။
.
အဆိုပါ ကျေးရွာတွင်း ၄၀၀ ဗို့ဓါတ်အားလိုင်း
သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့ အောက်တို ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက
ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဦးသိန်းမြတ်ထိုက်နှင့် ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့်အတူ
ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့်
မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေများကိုလည်း လေလွင့်ဆုံးရှုံးမှု မရှိစေရေး
ဆောင်ရွက်ရန် မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
.