ရပ်စောက်နှင့် ကလောမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 6, 2020

ရပ်စောက်နှင့် ကလောမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ကမ္ဘောဇတိုင်း

.

တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်နှင့် ကလောမြို့နယ်တို့တွင် အောက်တိုဘာလ ၅ ရက်က စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၅ ရက်၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ နားခဲကြီး ကျေးရွာနေ ဒေါ်ညွန့် နှင့် သားဖြစ်သူ ကျော်ထူး(ခ)ကုလား တို့၏နေအိမ် ဈေးဆိုင်အား ဝင်ရောက်ရှာဖွေရာ ဒေါ်ညွန့်နှင့် ကျော်ထူး(ခ)ကုလားတို့အားတွေ့ရှိပြီး နေအိမ် ဈေးဆိုင်အတွင်းရှိ ပိုက်ဆံအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၁၇ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၇ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အလားတူ ယင်းနေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာ အုပ်စု၊ လွယ်မယ်ကျေးရွာ၊ ‘‘ဝ”သုံးလုံးတောင်အတက်လမ်းတွင်တွေ့ရှိသူ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် နေ ချမ်းမြေ့သူရိန်(ခ)အာကာစိုး အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၃၀ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၃ ဒသမ ၃ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About