ကျောက်မဲမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်၍ ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်များအား ထောက်ပံ့ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 14, 2020

ကျောက်မဲမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်၍ ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်များအား ထောက်ပံ့ပေးအပ်

မိုင်းထွန်း

.

ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအုပ်စု၊ ကျွဲကုန်းကျေးရွာတွင်  အောက်တိုဘာ ရက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ထိမှန်ခဲ့သဖြင့် ပျက်ဆီးခဲ့သည့် နေအိမ် လုံးမှ မိသားစုဝင်များအား ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက်တွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.


 

ကျောက်မဲမြို့နယ်ကျွဲကုန်းကျေးရွာအုပ်စုအတွင်း အောက်တိုဘာ ရက်၊ ည ၈ နာရီခန့်က တပ်မတော်နှင့် RCSS/SSA တို့အကြား ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုကြောင့် ကျွဲကုန်းကျေးရွာရှိ နေအိမ် လုံးအား လက်နက်ကြီးကျည် ထိမှန်ပျက်စီးမှုများ ရှိခဲ့သည့်အပြင် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ ပျက်စီးသွားသည့် နေအိမ် လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ ၂၇၀၀၀၀ ကျပ်နှင့် မိသားစုဝင် ၁၂ ဦးအတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေ ၂၅၂၀၀ ကျပ်၊  ဒဏ်ရာရ အမျိုးသမီးအတွက် ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်တို့ကို  တာဝန်ရှိသူများက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ကျွဲကုန်းကျေးရွာမှ ဘေးသင့်ပြည်သူများအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် ဆန်၊ ဆီနှင့် ရိက္ခာများ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About