ဆိုင်းနှောင်
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လွတ်လပ်သော ကော်မရှင်တစ်ရပ်ဖြစ်သည်
ဆိုသည်ကို မိမိ အနေဖြင့် သံသယဖြစ်မိကြောင်း ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်
(၉) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
မော်ထွန်းအောင်က ပြောဆိုခဲ့သည်။
.
.“UEC ရဲ့ ပြည်ထောင်စု အဆင့်နဲ့ ခရိုင်အဆင့် လုပ်ဆောင်ချက်ကြားမှာ ဟ သွားတာကို
တွေ့ရတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေထဲက တရုတ်ပြည်
ရွှေလီမြစ်ကြီးရှိတဲ့ မူဆယ်မြို့တွင်း ရပ်ကွက်တစ်ခု ဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့
ဒေသခံတွေပြောတာ လုံခြုံရေးအရ ဘာမှစိုးရိမ်စရာ မရှိဘူးတဲ့။ အကုန်အေးချမ်းတယ်။
မဲဆွယ် စည်းရုံးရေးနဲ့ ပတ်သက်ပြီး ဘာမှ ပြဿနာဖြစ်တာလည်း မရှိဘူး။ ဒီကိစ္စနဲ့
ပတ်သက်ပြီး UEC ကိုမေးကြည့်လိုက်တဲ့ အခါကျတော့ သူတို့မသိဘူးဆိုတဲ့
အဖြေပဲပေးတယ်။ ဒါကြောင့် UEC အနေနဲ့ ဆုံးဖြတ်တဲ့နေရာမှာ
ကျောသား ရင်သား မခွဲခြားဘဲ စံနှုန်းတစ်ခုတည်း ဆုံးဖြတ်တာ ဟုတ်ရဲ့လားလို့တောင် သံသယ
ဝင်မိပါတယ်” ဟု မော်ထွန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့ပြင် တပ်မတော် လုံခြုံရေး အာမခံချက် မပေးနိုင်သည့် ပလပ်ဝကဲ့သို့ နေရာတွင်
ရွေးကောက်ပွဲကျင်းပခွင့်ပေးခြင်း မှာလည်း လျော်ကန်ခြင်း မရှိသည့်အတွက် ကော်မရှင်
အနေဖြင့် လွတ်လပ်သော ကော်မရှင်တစ်ရပ်ဆိုသည်မှာ သံသယဖြစ်မိကြောင်း ၎င်းက ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
.
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာချက်အမှတ်
(၁၉၇/၂၀၂၀)ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းကိုင်မြို့နယ် အပါအဝင်
မြို့နယ်ပေါင်း ၆ မြို့နယ်၊ မြို့နယ်အချို့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း
၁၄၁ ခုတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့်
ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက်နှင့်
ပတ်သက်၍ အငြင်းပွားမှုများလည်း ဖြစ်ပေါ်နေပြီး မိုင်းကိုင် အပါအဝင် ဒေသအချို့တွင် ရွေးကောက်ပွဲ ပြုလုပ်ခွင့်
ရရှိရေး တင်ပြဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
.
No comments:
Post a Comment