လဲချားမြို့နယ်ရှိ ကျေးရွာ ၆ ရွာတွင် ရေထွက်များ ထိန်းသိမ်းနိုင်ရေး သစ်ပင်များ စိုက်ပျိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 18, 2020

လဲချားမြို့နယ်ရှိ ကျေးရွာ ၆ ရွာတွင် ရေထွက်များ ထိန်းသိမ်းနိုင်ရေး သစ်ပင်များ စိုက်ပျိုး

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဝမ်မွန်ကျေးရွာ၊ မက်မုံဆိုင်းကျေးရွာ၊ ကုန်းနုကျေးရွာ၊ ဖာဝေါင်ကျေးရွာ၊ ကုန်းယိကျေးရွာနှင့် ကန်းအွမ်ကျေးရွာ ရွာတွင် ရေထွက်ပင်ရင်းများ ထိန်းသိမ်းနိုင်ရေးနှင့် ရေဝေရေလဲ သစ်တောများ အမြဲစိမ်းလန်း စိုပြေစေရေးအတွက် ယနေ့ အောက်တိုဘာလ ၁၈ ရက်၊ နံနက်ပိုင်းက သစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

.


ရေထွက် ပင်ရင်းများ ထိန်းသိမ်းနိုင်ရေးအတွက် ရေသင်းဝင်၊ ချင်းဒညင်း၊ ချယ်ရီ၊ စိန်ပန်း စသည့် အပင်များကို ကျေးရွာ တစ်ရွာလျှင် အပင် ၅၀ စီဖြင့် စုစုပေါင်းအပင် ၃၀၀ ကို စိုက်ပျိုးပေးခဲ့ခြင်း ဖြစ်ပြီး သစ်ပင်များ စိုက်ပျိုးပေး၍ သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်းပေးခြင်းကြောင့် နွေရာသီတွင် ဖြစ်ပေါ်တတ်သည့် စိမ့်စမ်းရေ ခမ်းခြောက်ခြင်း ပြနာများ လျော့နည်းသွားနိုင်မည် ဖြစ်ကြောင်း လဲချား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းထံမှ သိရသည်။

.

အဆိုပါ သစ်ပင်များ စိုက်ပျိုးခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သောက်သုံးရေ ရရှိရေးအတွက် လဲချားမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About