ရှမ်းပြည်နယ်ရှိ မြို့ ၅ ခုအား Tourism City အဖြစ် ဖော်ဆောင်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရှမ်းပြည်နယ်ရှိ မြို့ ၅ ခုအား Tourism City အဖြစ် ဖော်ဆောင်နေ

စိုင်းသိင်္ခသူ

.

ရှမ်းပြည်နယ်အတွင်းရှိ မြို့ ၅ ခုကို Tourism City အဖြစ် ဖော်ဆောင်နေလျက် ရှိကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် စီမံကိန်းဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်ထံမှ သိရသည်။

.

အဆိုပါ Tourism City အဖြစ် ဆောင်ရွက်မည့် မြို့များမှ ကလောမြို့၊ ညောင်ရွှေမြို့၊ သီပေါမြို့၊ လားရှိုးမြို့နှင့် ကျိုင်းတုံမြို့တို့ ဖြစ်ကြောင်း သိရသည်။

.

ယင်းကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုတယ်လုပ်ငန်းရှင်းများအသင်း ဥက္ကဌ ဦးမျိုးမြင့်ဇော်အား ဆက်သွယ် မေးမြန်းရာတွင် “ မြို့တိုင်းမှာ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့တွေ ဖွဲ့ထားတာ ရှိတယ်၊ ဌာနဆိုင်ရာတွေ ပါဝင်တာဖြစ်လို့ Tourism city တွေ ဖော်ဆောင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေတာ ရှိပါတယ်။” ဟု ပြောသည်။

.


 

ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ တင်ပြချက်တွင် “ ဒီအစိုးရ ကာလအတွင်းမှာ ဆိုရင် ဟိုတယ်အလုံးပေါင်း ၁၂၉ လုံး၊ ရင်းနှီးမြုပ်နှံမှု ကျပ် ၁၂၅ ဘီလီယံ ဆောင်ရွက်ခဲ့ပြီး ခရီးသွားကုမ္ပဏီဆိုရင်လည်း အရင် ၆၅ ခုပဲ ရှိတာက ခု ၁၀၀ ကျော်ဆိုတော့ ၄၀ ကျော် တိုးလာပါတယ်။ အလားတူပဲ တိုးဂိုက်တွေဆိုရင်လည်း National Guide ၁၀၀ နဲ့ ဒေသဆိုင်ရာဂိုက် ၄၉၀ လောက် ရှိရာကနေ ခု ၄နှစ်တာကာလအတွင်းမှာ National Guide ၅၀၀ နီးပါးနဲ့ ဒေသဂိုက်က ၁၀၀၀ လောက် မွေးထုတ ်ပေးနိုင်ခဲ့ပါတယ်။” ဟု ပြောဆိုထားသည်။

.

ခရီးစဉ် ဒေသအသစ်များ အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွာငံ၊ ပင်းတယ၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ် စံကားဒေသ၊ မြောက်ပိုင်းတွင် သီပေါ၊ အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့် မိုင်းယောင်းဧရိယာများကို အသစ် ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုအရ လက်ရှိ အစိုးရလက်ထက်တွင် ပြည်တွင်း ခရီးသွား ၃ သန်းခန့်၊ ပြည်ပခရီးသွား ၃ ဒသမ ၃ သန်းခန့်နှင့် နယ်စပ်ဒေသများမှ နေ့ချင်းပြန် ခရီးသွား ၇ ဒသမ၂ သန်းအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်ရှိ ကလောမြို့နှင့် တောင်ကြီးမြို့တို့သည် အာဆီယံအဆင့် Clean Tourist City Award ဆုများ ရရှိထားကာ ပြည်နယ်အတွင်းမှ မြို့ ၁၂ မြို့ကို Clean & Green Cities အဖြစ် လည်းကောင်း၊ ကလောမြို့နယ်အား One State, One Township အဖြစ် လည်းကောင်း၊ One Township One Village Plan များ ဖော်ဆောင်နေလျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats