မင်းဇော်မင်း
.
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသမီး ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ ညနေပိုင်းက
ပြန်လည်လွတ်မြောက်ပြီး ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
.
“ညနေ ၅ နာရီခွဲက တစ်နေရာမှာ လွှတ်ပေးထားလို့ သွားကြိုလာတယ်။
အိမ်ပြန်ရောက်ပါပြီ။ လူမှားဖမ်းတယ်လို့ ပြောပါတယ်” ဟု မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
စိုင်းလောင်းမောင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နမ့်ခမ်းမြို့၊ ပေါက်နေရပ်ကွက် (အမှတ်-၈ ရပ်ကွက်) နေအိမ်သုံးလျှပ်စစ်ပစ္စည်း
အရောင်းဆိုင်မှ ဒေါ်နန်းမြအုံး အား အောက်တိုဘာ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်က TNLA ဟု ဆိုသူ ၃ ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မိသားစုဝင်တွေကို ဖမ်းသွားတဲ့ TNLA မူးယစ်တပ်ဖွဲ့က
လူမှားဖမ်းသွားမိတာ တောင်းပန်ကြောင်း ဒီနေ့ကို ပြန်ပို့ပေးမယ်လို့ ဖုန်းဆက်ပြောလာတာ
အခု ပြန်လွှတ်ပေးလိုက်တာပါ။ သူ့သားကို လာခေါ်ခိုင်းလို့ သွားခေါ်လာခဲ့တာ အိမ်ရောက်ပြီလို့
သိရတယ်” ဟု နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဒေါက်တာ
စိုင်းကျော်အုံးကပြောသည်။
.
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက နမ့်ခမ်းမြို့နယ်၊
အောက်ဆီးတန့်၊ ကျန်းကား၊ ကဝါးချက်၊ လွယ်လန်၊ ကောင်းခေရွာ များမှ
ခိုလုံလီရှောတိုင်းရင်းသား၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး ငွေဖြင့်ပြန်လည်ရွေးယူရသည့်
ကိစ္စရပ်များ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.
No comments:
Post a Comment