စိုင်းအောင်မြတ် (တောင်ကြီး)
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ်ရှိ
ပရိယတ္တိစာသင်တိုက်များနှင့် မြို့အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များသို့ နှာခေါင်းစည်း
(Mask) နှင့် မျက်နှာအကာ (Face Shield) များ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
.
.
ထိုသို့ လှူဒါန်းရာတွင် ယနေ့ အောက်တိုဘာလ ၁၁ ရက်၊ နံနက်ပိုင်းက
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဝေဠုဝန် ပရိယတ္တိစာသင်တိုက်မှ သံဃာများအတွက်
Face Shield ၂၀၀ ကို ကော်မတီဝင်များမှ သွားရောက် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့်
တောင်ကြီးမြို့ပေါ်ရှိ သံဃာများသော ပရိယတ္တိစာသင်တိုက် ၂၂ ကျောင်းသို့ တစ်ကျောင်းလျှင်
Face Shield ၂၀၀ စီတို့ကို လည်းကောင်း၊ ကလောမြို့နယ်၊ ရေယားစစ်ဆေးရေးဂိတ်၊ ကလောမြို့အဝင်ဂိတ်၊
တောင်လေးလုံးဂိတ်၊ ဟိုပုံးမြို့အဝင်ဂိတ်များသို့ Mask အခုရေ ၃၀၀၀၀ ကျော် တို့ကိုလည်းကောင်း
သွားရောက် လှူဒါန်း ပေးနေခြင်းဖြစ်ကြောင်း ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတင်ထွန်းအောင် ထံက
သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် ရှမ်းပြည်နယ် စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်တို့က နာယကများအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ကော်မတီဝင်များ
အဖြစ် ရှမ်းပြည်နယ်အတွင်းမှ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပါဝင်ဆောင် ရွက်နေလျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment