အေးသာယာမှ COVID-19 လူနာနှင့် ထိတွေ့မှုရှိခဲ့သည့် တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်ရှိ နေအိမ်အား အသွားအလာ ကန့်သတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာမှ COVID-19 လူနာနှင့် ထိတွေ့မှုရှိခဲ့သည့် တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်ရှိ နေအိမ်အား အသွားအလာ ကန့်သတ်

စိုင်းမျိုးမြတ်

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သည့် တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ နဂါးပွက်ကျောင်းလမ်းရှိ နေအိမ်တစ်လုံးအား ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)၊ ည ၁၂ နာရီမှ စတင်၍ Home Quarantine ပြုလုပ်ပြီး နေအိမ်ရှိ လူများအား အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

.

.

Positive လူနာနဲ့ ထိတွေ့မှုရှိခဲ့လို့ မနေ့ည (အောက်တိုဘာလ ၂ ရက်) ၁၂ နာရီလောက်က Home Quarantine ထားထားတာပါ။ မန္တလေးက ပြန်လာတာပေါ့။ တောင်လေးလုံးဂိတ်မှာ စစ်ဆေးတော့ မောင်းပြေးသွားလို့ တောင်လေးလုံးဂိတ်က လူတွေ လိုက်လာပြီး လာခေါ်တာပေါ့” ဟု အဆိုပါ နေအိမ်အား စောင့်ကြည့်ရန် တာဝန်ပေး ခံရသူ ကန်အောက်ရပ်ကွက် လူမှုရေးအသင်းမှ ဦးခင်မောင်ချစ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ ကန်အောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကိုကလည်း “အေးသာယာက စပယ်ယာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ပြောဆိုခဲ့သည်။

.

အဆိုပါ Home Quarantine ပြုလုပ်ထားသည့် နေအိမ်မှာ ကန်အောက်ရပ်ကွက်၊ နဂါးပွက်ကျောင်းလမ်းနှင့် စပယ် လမ်းထောင့်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ် နေအိမ်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats