အောင်ဆန်းဝင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ပိုင်းရပ်၊ မင်းရဲကျော်စွာလမ်း၊ ဝန်ထမ်းအိမ်ရာတွင် ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ ညပိုင်းက မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
" မီးလန့်တာလောက်ပဲ ဖြစ်တာပါ၊ ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိပါဘူး။ ပျက်ဆီး ဆုံးရှုံးတာလည်း မရှိပါဘူး။"ဟု ဝန်ထမ်းအိမ်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိဝန်ထမ်းအိမ်ရာအတွင်း အောက်တိုဘာလ ၁၉ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၇ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု သတင်းအရ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ဒေသခံ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment