တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများမှ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 24, 2020

တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများမှ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ လှူဒါန်း

စုလှိုင်

.

တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများမှ ယနေ့ အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ စတုဘုမ္မိကကျောင်းတွင် အခြေခံလူတန်းစားများအတွက်စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

“အဓိက ကတော့ COVID -19 ကာလမှာ စားဝတ်နေရေး ခက်ခဲနေတဲ့သူတွေကို တခြားအဖွဲ့အစည်းတွေ၊ နိုင်ငံတော်အစိုးရ အနေနဲ့လည်း လှူဒါန်းတာ ရှိသလို ကျောင်းသား/သူ တွေအနေနဲ့လည်း တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ကူညီထောက်ပံ့ ပေးတာဖြစ်ပါတယ်။ နောက်ထပ်လည်း ဆက်ပြီး လုပ်ဖို့ ရှိပါတယ်။ ” ဟု အင်္ဂလိပ်စာအထူးပြု ကျောင်းသား မောင်မျိုးလင်းအောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထိုသို့ လှူဒါန်းရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန် ၃ ပြည်၊ ဆီ တစ်ဘူး၊ ဆားတစ်ထုပ်၊ ကြက်ဥ ၁၀ လုံး၊ ဆပ်ပြာတစ်ထုပ် စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၀၀၀၀ နှုန်း ဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

.

တောင်ကြီးတက္ကသိုလ် ကျောင်းသား/သူများက ရွှေတောင်ရပ်ကွက်အတွင်းရှိ အမှန်တကယ် လိုအပ်နေသာ အခြေခံလူတန်းစားများကို လေ့လာ စစ်တမ်းကောင်ယူပြီး အိမ်ထောင်စု ၁၀၀ စု ကို လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats