ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် လက်ရှိ
တက်ရောက်ဆေးကုသမှု ခံယူနေသည့် COVID-19 ရောဂါ
အတည်ပြု လူနာ ၁၀ ဦး ရှိနေပြီး ၎င်းတို့အနက် တစ်ဦးကို အထူးစောင့်ကြပ် ကြည့်ရှု၍
ကုသမှု ပေးနေကြောင်း သိရသည်။
.
.“လောလောဆယ် မနေ့က နမ့်စန်ကနေ ဆေးရုံလာတက်တဲ့ တစ်ယောက်ကတော့ အထူးစောင့်ကြပ်ကြည့်ရှုရတဲ့
အခြေအနေမှာ ရှိပါတယ်။ မောနေတယ်ဆိုတော့ သူ့အခြေအနေက ပြောလို့တော့ မရဘူး။ လက်ရှိ ပိုးတွေ့လူနာ
၁၀ ယောက် ကျန်ပါတယ်” ဟု တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်း နမ့်စန်မြို့မှ လူနာသည် စက်တင်ဘာလ ၂၂ ရက်က COVID-19 ရောဂါပိုး တွေ့ရှိပြီးနောက် ဖောင်ကြီး COVID-19 ကုသရေးစင်တာတွင် ဆေးကုသမှု ခံယူပြီး ပြန်လည် သက်သာလာသဖြင့် နမ့်စန်မြို့သို့ ပြန်လည် ရောက်ရှိကာ Quarantine ဝင်ရောက်နေစဉ် ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် ဒုတိယအကြိမ် ပိုး ထပ်မံတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ အောက်တိုဘာလ ၁၆ ရက်၊ ည ၈
နာရီထိ COVID-19
ပိုးတွေ့ အတည်ပြုလူနာ ၃၃၄၈၈ ဦး ရှိကာ၊ ယင်းအနက် ၇၉၉ ဦး သေဆုံး၍ ၁၅၄၇၇ ဦးမှာ
ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment