အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နှင့် အေးသာယာမြို့၊ အကွက်ကြီး
(၁၀)၊ မုံတဝကျေးရွာ အကြား တောအုပ်အတွင်း ယနေ့ အောက်တိုဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးအား
သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
သေဆုံးသူသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် နေထိုင်သည့်
အသက် ၆၀ အရွယ် ဦးချစ်ငွေ ဆိုသူဖြစ်ပြီး ၎င်းသည် မုံတဝတောအတွင်း သီးပင်စားပင်များစိုက်ပျိုးကာ
တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း သိရသည်။
.
“သူကအဲဒီတောထဲက အိမ်မှာပဲ တစ်ယောက်တည်းနေတာပါ။ လိုအပ်တာလေးတွေရှိရင်တော့
အိမ်ကိုလာပြီး ယူတတ် ပါတယ်။ အခုရက်ပိုင်း အိမ်ကိုသိပ်မလာတာနဲ့ ဆင်းကြည့်တော့ အခုလို
သေဆုံးနေတာကို တွေ့ရတာပါ” ဟု သေဆုံးသူ၏ တူမဖြစ်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းအမျိုးသား သေဆုံးနေသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်သည့်အတွက် ရုပ်အလောင်းမှာ
ပျက်ယွင်းနေပြီဖြစ်ကာ လက်ရှိတွင် အခင်းဖြစ်တည်နေရာနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်
သိရှိနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment