ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့် စစ်ဆေးနေပြီး တစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့် စစ်ဆေးနေပြီး တစ်ဦးတွင် COVID-19 ပိုးတွေ့

ကလောမြို့နယ်၊ ရေယားကျေးရွာတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် COVID-19 စစ်ဆေးခြင်းကို ယနေ့ (အောက်တိုဘာလ ၃ ရက်)တွင် စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

.


ယင်းကဲ့သို့ Rapid Test Kit ဖြင့် စစ်ဆေးစဉ် ယာဉ်မောင်း အမျိုးသား တစ်ဦးတွင် COVID-19 တွေ့ရှိခဲ့သဖြင့် ကလောဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

.

“ တွေ့တာ ဟုတ်ပါတယ်၊ ကလောဆေးရုံကို ပို့လိုက်ပြီ။ စစ်တာကတော့ ကျန်းမာရေးကပဲ စစ်တာ၊ ကော်မတီထဲမှာတော့ ထွေ/အုပ်၊ ရဲ၊ ယာဉ်ထိန်း၊ မီးသတ်၊ ကြက်ခြေနီ၊ ဌာနဆိုင်ရာ အကုန် ပါတယ်။ စစ်တာက အထွက်ကို မစစ်ဘူး၊ အဝင်ပဲ စစ်တာပါ။” ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မော်တော်ယာဉ်မှာ ရန်ကုန်မြို့မှ လာရောက်သည့်ယာဉ် ဖြစ်ကာ ယာဉ်မောင်းတွင် COVID-19 ပိုး တွေ့ရှိခဲ့သဖြင့် ယာဉ်နောက်လိုက် ဖြစ်သူကိုပါ ဆေးရုံသို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ထားပြီ ဖြစ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ကျောက်ပန်းတောင်းမြို့နေသူများ ဖြစ်ကြောင်း သိရသည်။

.


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးပို့လာ
ည့် Rapid Test Kit မှာ စုစုပေါင်း ၃၀၀၀ ဖြစ်ပြီး အဆိုပါ Test Kit များဖြင့် ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်တို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 ပိုး ရှိ/မရှိ စစ်ဆေးပြီး၊ ပိုး ကင်းစင်သူများကို ထောက်ခံချက်များ ထုတ်ပေးကာ ကုန်တင်ယာဉ်များအား ဆက်လက်ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ Rapid Test Kit မှာ ကိုရီးယားနိုင်ငံထုတ် ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ် ပြုထားပြီး ယင်း Test Kit ဖြင့် စစ်ဆေးခြင်းမှာ လက်ရှိ အသုံးပြုနေသည့် RT - PCR (Reverse Transcription Polymerase Chain Reaction) စက်များကဲ့သို့ပင် ဓါတ်ခွဲနမူနာ ရယူ၍ စစ်ဆေးခြင်း ဖြစ်သော်လည်း အချိန် မိနစ် ၃၀ ခန့်အတွင်း COVID-19 ပိုး ရှိ/မရှိ အဖြေ ရရှိနိုင်ကြောင်း သိရသည်။

Journal Download

Photo of three cats