.
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၌ ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများနှင့်အတူ ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဟံသာဝတီလမ်းနှင့် ဟံသာဝတီလမ်းသွယ်ထောင့်ရှိ ဆင်ဖြူမင်းဟိုတယ်ရှေ့အနီးတွင် စောင့်ဆိုင်းနေစဉ် ဟံသာဝတီ လမ်းအတိုင်း စိုင်းလောင်ခေး၊ စိုင်းခမ်းငင်း၊ စိုင်းလုံ(ခ)မြင့်တ၊ စိုင်းဖူးလီ(ခ)အိုက်ဟန်နှင့် အိုက်ကောင်းတို့ လိုက်ပါ မောင်းနှင်လာသည့် မော်တော်ယာဉ် ၄ စီးအား ရှာဖွေ စစ်ဆေးမှု ပြုလုပ်ရာတွင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ မော်တော်ယာဉ်များအတွင်းမှ တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ခန့်ရှိ မက်သာအက်ဖီတမင်း (အိုက်စ်)ဟု ယူဆရသော အဖြူရောင် ပုံဆောင်ခဲတို့အား တွေ့ရှိ၍ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ပြီး စိုင်းလောင်ခေး၊ စိုင်းခမ်းငင်း၊ စိုင်းလုံ(ခ)မြင့်တ၊ စိုင်းဖူးလီ(ခ)အိုက်ဟန်နှင့် အိုက်ကောင်းတို့ ၅ ဦးအား တာချီလိတ်မြို့မရဲစခန်း၌ မယ(ပ) ၁၂၉/ ၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
No comments:
Post a Comment