စုလှိုင်
.
တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့၊ တာယောတံတားအနီး၊ ပြည်ထောင်စုလမ်းမပေါ်တွင် အောက်တိုဘာလ ၇ ရက် ညပိုင်းက
ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးမှ လမ်းလျှောက်လာသူ ၃ ဦးအား ဝင်ရောက်တိုက်မိခဲ့ပြီး
အရှိန်လွန်တိမ်းမှောက်ကာ ဆိုင်ကယ်ယာဉ်မောင်း သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ညောင်ရွှေမြို့၊ ဘုရားကြီးကျေးရွာနေ
ဦးသန်းလှိုင် (၄၂ နှစ်) သည် အောက်တိုဘာလ ၇ ရက်၊ ည ၇ နာရီခွဲ အချိန်ခန့်က ကလော-တောင်ကြီး
ပြည်ထောင်စုလမ်းမကြီးအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်
(၁၀၂/၂) နှင့် (၁၀၂/၃) အကြား၊ ရွှေညောင်မြို့၊ တာယောတံတားအနီး အရောက်တွင် လားရာတူ လမ်းလျှောက်လာသူများ
ဖြစ်သော ရွှေညောင်မြို့၊ ရတနာရပ်ကွက်နေ စိုင်းညီညီထွန်း၊ ငြိမ်းချမ်းအောင်နှင့် ကျော်သက်ဦးတို့
၃ ဦးအား ဝင်ရောက် တိုက်မိခဲ့ပြီး အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့်
ဦးသန်းလှိုင်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ယာဂျိုစောင်းကွဲရှ၊
နှာခေါင်းသွေးထွက်၊ နဖူးပွန်း ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကာ
စိုင်းညီညီထွန်းတွင် ဦးခေါင်းနောက်စေ့ ဖူးရောင်၊ နှာခေါင်း သွေးထွက်၊ ခါးနာကျင်၊
ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ)၊ ကျော်သက်ဦးတွင် ဝဲဘက်ခြေသလုံး၊ ခြေဖနောင့်ပွန်း၊
ယာဒူး၊ ခြေကျင်းဝတ် ပွန်းဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး ငြိမ်းချမ်းအောင်တွင်
ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့်
ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဆိုင်ကယ်ယာဉ်မောင်း ဦးသန်းလှိုင်အား ရွှေညောင် နယ်မြေရဲစခန်းတွင်
ယာဉ် (ပ)၃၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment