စုလှိုင်
.
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်တွင်
ယနေ့ အောက်တိုဘာလ ၂၀ ရက်၊ နံနက်ပိုင်းက အရှိန် မထိန်း နိုင်သော ဆိုင်ကယ်မှ တစ်ဘက်ယာဉ်ကြောရှိ
ရပ်ထားသော မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ် မောင်းနှင်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
.
.
ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်နေ အောင်ဖြိုးဝင်းသည်
အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၇ နာရီခန့်က ရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်၊ သီတာလမ်းအတိုင်း
အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် Crown အအေးနှင့် မာလာဟင်းဆိုင်ရှေ့
အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ လမ်းဘေးတွင် ရပ်ထားသော
မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် အောင်ဖြိုးဝင်းတွင်
ယာဂျိုစောင်းပေါက်ပြဲ၊ ယာနားသွေးထွက်၊ ဝဲပါးပေါက်ပြဲ၊ မေးစေ့ကွဲရှ (စိုးရိမ်ရ)
ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ ဆိုင်ကယ်ယာဉ်မောင်း
အောင်ဖြိုးဝင်းအား ရွှေညောင် နယ်မြေ ရဲစခန်းတွင် ယာဉ် (ပ)၃၄/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ
၂၇၉ /၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment