ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ အလိုမရှိကြောင်းနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများအတွက် Silent Campaign ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 23, 2020

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ အလိုမရှိကြောင်းနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများအတွက် Silent Campaign ပြုလုပ်

မင်းဇော်မင်း

.

တိုက်ပွဲ အလိုမရှိကြောင်းနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများအတွက် ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ Silent Campaign ကို ဒေသခံများက အောက်တိုဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ပုံဝိုး၊ နောင်ဆင်၊ နမ့်မဟင်၊ ခန့်ခိုင်နှင့် ကုန်းစုံအုပ်စုမှ ဒေသခံ၃၀ ဦးခန့်သည် ၎င်းတို့၏ ဆန္ဒဖြင့် ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စာရွက်များတွင် ငါတို့ အားလုံးကို လုံလုံခြုံခြုံနှင့် အသက်ရပ်တည်ခွင့် ပေးပါ၊ ငါတို့လိုချင်တာက ငြိမ်းချမ်းမှုနှင့် တရားမျှတမှု၊ ကျည်ဆံတွေ မလိုချင်ဘူး၊ ကျွန်တော်တို့ ပြည်သူတွေကလည်း တခြားသူတွေလို မဲပေးချင်တယ်၊ ကျွန်ုပ်တို့ကို စာနာ နားလည်စွာ ကူညီထောက်ပံ့ပေးကြသော မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေစသည်ဖြင့် ရေးသား ဖော်ပြထားကြောင်း သိရသည်။

.


 

ကျွန်တော် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆင်းတာ ဘာ အတားအဆီး၊ ဘာအန္တရာယ်မှ မကြုံရပါဘူး၊ ဒီနယ်မြေတွေအတွက် လုပ်ပေးဖို့ လူထုကိုယ်စားလှယ်တွေ လိုတယ်၊ သူတို့ ကြိုက်တဲ့သူ မဲပေးဖို့ အခွင့်အရေး ရှိတယ်ရွေးကောက်ပွဲကို တစ်စုံတရာ အနှောက်အယှက် မရှိဘဲ ကျင်းပနိုင်မယ်လို့ ယုံကြည်တယ်။” ဟု ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင် အရွေးချယ်ခံမည့် ဦးတင်မောင်သိန်းက ပြောသည်။

.

ကျောက်မဲမြို့နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့် မရှိသော ဒေသများမှာ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) အတွင်း ပါဝင်ကြောင်းနှင့် ယင်းနယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပခွင့် ရရှိရေးအတွက် ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အောက်တိုဘာ ၂၂ ရက်က လူကိုယ်တိုင်သွားရောက် စာဖြင့် တင်ပြထားကြောင်း ဦးတင်မောင်သိန်းက ဆက်လက် ပြောဆိုသည်။

.

အဆိုပါ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တင်ပြမှုနှင့် ပတ်သက်၍ ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်နှင်းရူပါအား ဆက်သွယ် မေးမြန်းရာတွင် ကျောက်မဲမြို့နယ်ထဲက ၁၂ နေရာနဲ့ နောင်ချိုမြို့နယ်က တစ်နေရာကို နိုင်ငံရေးပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ဒီနယ်မြေတွေမှာ အခု အေးချမ်းနေတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပခွင့် ပြန်ရဖို့ တင်ပြလာတာတွေကို အထက် အဆင့်ဆင့်ကို ဆက်လက် တင်ပြထားပါတယ်။” ဟု ဖြေကြားခဲ့သည်။

.

ရှမ်းပြည်နယ်အတွင်း၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်သည့် ကြေညာချက် (၁၉၇/၂၀၂၀) တွင် ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ အုပ်စု ပါဝင်ခဲ့ခြင်း ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats