ခွန်သန်းအောင်
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာအုပ်စု၊ သရက်ပြားကျေးရွာ လမ်းဆုံတွင် အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၆ နာရီက ကုမ္ပဏီဝန်ထမ်း တစ်ဦး ဓါတ်လိုက် သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှာ ရပ်စောက်မြို့နယ်၊ မြင်းတောင်ကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာနေ ရှမ်းချယ်ရီကုမ္ပဏီမှ လျှပ်စစ်မီးကြိုးသွယ်တန်းရေးလုပ်ငန်း၊ အလုပ်သမားကြီးကြပ် အသက် ၂၇ နှစ်အရွယ် ကိုခိုင်ထူး ဖြစ်ပြီး ပင်းတယမြို့နယ်၊ ထုံးပုံကျေးရွာ ဓါတ်အားလိုင်းမှ သစ်အယ်ပင်ကျေးရွာသို့ ဓါတ်အားလိုင်း ကြိုးဆွဲမှု ပြုလုပ်စဉ် ဓါတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဓါတ်အားလိုင်း ကြိုးဆွဲမှု ပြုလုပ်ရာတွင် ဓါတ်အားလိုင်း ချပေးရန် (မီးဖြတ်ရန်)အတွက် လျှပ်စစ်ဌာနသို့ ဆက်သွယ် အကြောင်းကြားခြင်း မရှိကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းအား ပင်းတယဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment