ရွှေညောင်တွင် ကားနှင့် ဆိုင်ကယ် တိုက်မိရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 4, 2020

ရွှေညောင်တွင် ကားနှင့် ဆိုင်ကယ် တိုက်မိရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

စုလှိုင်

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၄ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတွင် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

.

ဘီလူးကျွန်းမြို့နယ်၊ ရွာလွတ်ကျေးရွာနေ သန်းဇော်သည် အောက်တိုဘာလ ၄ ရက်၊ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဟဲဟိုးဘက်မှ တောင်ကြီးဘက်သို့ မော်တော် ဆိုင်ကယ် မောင်းနှင်လာစဉ် အမှတ် (၂) ယာဉ်သိုလှောင်ရေးတပ်အနီး၊ မိုင်တိုင်အမှတ် (၁၀၅/၆) နှင့် (၁၀၅/၇) အကြား အရောက်တွင် ဝဲဘက်ယာဉ်ကြောသို့ ရုတ်တရက် ချိုးကွေ့ရာ လားရာတူအတိုင်း ပင်လောင်းမြို့နေ ခွန်သိန်းအောင် မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဥ်တိုက်မှုကြောင့် သန်းဇော်တွင် နောက်စေ့ပေါက်ပြဲဒဏ်ရာ ၊မေးစေ့ပွန်းပဲ့ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲ/ယာဒူး ပွန်းပဲ့ဒဏ်ရာ၊ ဝဲခြေကျင်းဝတ် ကြေမွဒဏ်ရာ (စိုးရိမ်ရ)များ ရရရှိခဲ့ပြီး တောင်ကြီး စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

.

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မော်တော်ဆိုင်ကယ်အား မဆင်ခြင်မောင်းနှင်ပြီး မိမိကိုယ်ကို ဒဏ်ရာရရှိစေသူ ဆိုင်ကယ်ယာဉ်မောင်း သန်းဇော်အား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About