နောင်ချိုမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် စစ်ဆေးရာမှ ယာဉ်မောင်းတစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 8, 2020

နောင်ချိုမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် စစ်ဆေးရာမှ ယာဉ်မောင်းတစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိ

ကမ္ဘောဇတိုင်း

.

နောင်ချိုမြို့နယ်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော မော် တော်ယာဉ် များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Antigen Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေး ပေးလျက်ရှိရာ ယနေ့ အောက်တိုဘာလ ၇ ရက်က ယာဉ်မောင်းတစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

“ကားသမားတစ်ဦးမှာ ပိုးတွေ့တာ ဟုတ်ပါတယ်။ အဲဒီကားမှာ သူနဲ့အတူ ၂ ဦးတည်း ပါတာပါ။ ကျန်တဲ့တစ်ယောက်က ပိုးမတွေ့ပါဘူး။ နောင်ချိုဆေးရုံမှာပဲ ဆေးကုသမှု ပေးမှာပါ” ဟု စစ်ဆေးရေးဂိတ် တာဝန်ကျ နောင်ချိုမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနိုင်ဝင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ COVID-19 ပိုးတွေ့လူနာမှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ ပြန်လာသူဖြစ်ပြီး ၎င်းနှင့်အတူ လိုက်ပါ လာသူ ယာဉ်နောက်လိုက်ကိုလည်း သီးသန့်ထားရှိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်တို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit များဖြင့် COVID-19 ပိုး ရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ဓါတ်ခွဲနမူနာများ စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About