Rapid Test Kit ဖြင့် COVID-19 စစ်ဆေးခကို ငွေကျပ် ၁၀၀၀၀ သို့ လျှော့ချမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 10, 2020

Rapid Test Kit ဖြင့် COVID-19 စစ်ဆေးခကို ငွေကျပ် ၁၀၀၀၀ သို့ လျှော့ချမည်

မင်းဇော်မင်း                

.

ရှမ်းပြည်နယ်အတွင်း၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ဓါတ်ခွဲနမူနာများအား Rapid Test Kit ဖြင့် စစ်ဆေးသည့် ကုန်ကျစရိတ်ကို အောက်တိုဘာ ၁၂ ရက်မှ စတင်၍ ငွေကျပ် ၁၀၀၀၀ အထိ လျှော့ချ သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

.


လက်ရှိတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ဓါတ်ခွဲနမူနာများအား ငွေကျပ် ၂၀၀၀၀ ဖြင့် COVID-19 ပိုး ရှိ/မရှိ စစ်ဆေးပေးနေခြင်း ဖြစ်သည်။

.

အရင်က ဘယ်က ဝင်ဝင် ၇၂ နာရီအတွင်း အဝင် စစ်ပြီးတော့ ကျပ် ၂၀၀၀၀ ပေါ့ဒီနေ့ ပြည်နယ်အစိုးရက ပို့လာတဲ့ ညွှန်ကြားချက်မှာတော့ ဒေသ အခြေပြုကားကို အထွက်တစ်ခါ စစ်မယ်၊ အပြန် တစ်ခါ စစ်မယ်၊ တနင်္လာနေ့ (အောက်တိုဘာ ၁၂ ရက်)မှာ ကျပ် ၁၀၀၀၀ ကောက်တာကို စမယ်အဝင် တစ်ခါအထွက် တစ်ခါ စစ်တာကတော့ ဒီနေ့ စ ခိုင်းတာပေါ့။ အရင်လို ဘယ်က လာလာ ၇၂ နာရီ ဆိုတာ မရှိတော့ဘူးပေါ့။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ နန့်ပန်တက်စစ်ဆေးရေးဂိတ်၌ တာဝန် ကျနေသည့် ကလောဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာကလည်း “ အခုတော့ နန့်ပန်တက်မှာ အတက်ကားတွေကို ကျပ် ၂၀၀၀၀ နှုန်းနဲ့ပဲ ကောက်ခံနေတုန်းပဲ၊ ကျပ် ၁၀၀၀၀ က လာမယ့် ၁၂ ရက်မှ စတာ ဆိုတော့လေ။” ဟု ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်သို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူ ၈၀ ဦးအား ယနေ့ နေ့လယ်ပိုင်းအထိ စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About