Rapid Test Kit ဖြင့် စစ်ဆေး၍ COVID-19 Negative ဖြစ်သူများ ၇၂ နာရီအကြာတွင် ပြန်လည်စစ်ဆေးမှု ခံယူရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 8, 2020

Rapid Test Kit ဖြင့် စစ်ဆေး၍ COVID-19 Negative ဖြစ်သူများ ၇၂ နာရီအကြာတွင် ပြန်လည်စစ်ဆေးမှု ခံယူရမည်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ရောက်လာပြီး Rapid Test Kit များဖြင့် COVID-19 ရောဂါ စစ်ဆေး ရာတွင် Negative အဖြေထွက်ပြီး ထောက်ခံချက် ရရှိထားသူများ ၇၂ နာရီအကြာတွင် ပြန်လည်စစ်ဆေးမှု ခံယူ ရမည်ဖြစ်သည်ဟု သိရသည်။

.

.

Rapid Test Kit များဖြင့် ရောဂါစစ်ဆေးမှုမှာ ၇၂ နာရီအတွင်းသာ သတ်မှတ်ထားသဖြင့် ယင်းကဲ့သို့ ၇၂ နာရီ (၃ ရက်) အကြာတွင် နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးရခြင်းဖြစ်ကြောင်း ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းထံက သိရသည်။

.

“ထောက်ခံချက်တွေကိုင်ပြီး လျှောက်သွားနေမှာ စိုးရိမ်ရတယ်။ Rapid Test Kit က ၇၂ နာရီအတွက်ပဲ ဖြစ်တာကြောင့် ၇၂ နာရီကျော်ရင် ထပ်စစ်မှာဖြစ်တယ်။ မနက်ဖြန် (အောက်တိုဘာ ၉ ရက်) က စစစ်မယ်။ Rapid Test Kit တွေက လုံ လောက်မှုရှိတယ်။ ပြည်နယ်အစိုးရကလည်း နောက်ထပ် ဖြည့်တင်းပေးဖို့ရှိတယ်” ဟု ဦးခင်မင်းက ပြောသည်။

.

ရှမ်းပြည်နယ်သို့ဝင်ရောက်လာသည့် ကားများကို ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးရေးဂိတ်မှ Repid Test kit များဖြင့် စစ်ဆေးပေးမည်ဖြစ်ပြီး ရှမ်းပြည်နယ်မှ အထွက်ကားများအား မန္တလေးတိုင်းဒေသကြီး ကျွဲတပ်ဆုံတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါအစီအစဉ်အား အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် ယခင် စစ်ဆေး ထားသည့်  ထောက်ခံချက်များကို ယူဆောင်လာကြရန် လိုအပ်ကြောင်း ၎င်းထံက သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About