ရှမ်းရှေ့သို့ လာရောက်သူများ သက်ဆိုင်ရာ မြို့နယ်အစီအစဉ်ဖြင့် Quarantine ဝင်ရောက်ရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 23, 2020

ရှမ်းရှေ့သို့ လာရောက်သူများ သက်ဆိုင်ရာ မြို့နယ်အစီအစဉ်ဖြင့် Quarantine ဝင်ရောက်ရမည်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့  တောင်ပိုင်းနှင့် မြောက်ပိုင်းမှ လာသည့် ယာဉ်မောင်း၊ ယာဉ်အကူများ အားလုံး Rapid Test Kit ဖြင့် COVID-19 ပိုး ရှိ/မရှိ စစ်ဆေးခံရမည် ဖြစ်ကာ ယာဉ်ပေါ်ပါ ခရီးသည်များမှာမူ သက်ဆိုင်ရာ မြို့နယ်အစီအစဉ်ဖြင့် Quarantine ဝင်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

.

ပြင်ပက လာတဲ့ ခရီးသည်တွေ ဆိုရင်တော့ မြို့နယ်လိုက် ကော်မတီတွေက မြို့ကို ကာကွယ်တဲ့ အနေနဲ့ ထောက်ခံချက်၊ ဆေးစစ်ချက်တွေ တောင်းခံတာ ရှိပါတယ်၊ Quarantine ဝင်ခိုင်းတာလည်း ရှိပါတယ်၊ ပြည်နယ်အနေနဲ့တော့ ညွှန်ကြားထားတာ မရှိပါဘူး။” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

ထို့အတူ ရှမ်းပြည်နယ် COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အဆင့် ကော်မတီများအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား မဆန့်ကျင်ဘဲ မြို့နယ်အလိုက် စီမံခန့်ခွဲခွင့် ပေးထားကြောင်း သိရသည်။

.

တောင်ကြီး- နမ့်စန်- မိုးနဲ- မိုင်းပန်လမ်းကြောင်းမှ လာရောက်သည့် ယာဉ်များမှာ မိုင်းတုံတွင် လည်းကောင်း၊ တောင်ကြီး- နမ့်စန်- ကွန်ဟိန်း- ခိုလန် လမ်းကြောင်းမှ လာရောက်သည့် ယာဉ်များမှာ မိုင်းပျဉ်းတွင် လည်းကောင်း Rapid Test Kit ဖြင့် COVID-19 စစ်ဆေးခံရမည် ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် မိုင်းတုံမှ မိုင်းဆတ်သို့ သွားသည့် သူများအနေဖြင့် မြို့နယ်အတွင်း နေထိုင်ကြောင်း ထောက်ခံချက်များ လိုအပ်နေသည့် အပြင် တာချီလိတ်သို့ သွားရောက်သူများ အနေဖြင့်လည်း ဆေးစစ်ပြီး ဖြစ်ကြောင်း ၁၄ ရက် သက်တမ်းရှိ ထောက်ခံချက်များ လိုအပ်နေကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats