ရှမ်းပြည်နယ်သို့ လာရောက်သည့် ယာဉ်ပေါ်ပါသူများ အားလုံး Quarantine ဝင်ရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 5, 2020

ရှမ်းပြည်နယ်သို့ လာရောက်သည့် ယာဉ်ပေါ်ပါသူများ အားလုံး Quarantine ဝင်ရမည်

တောင်ကြီးမြို့နယ်၊ တောင်လေးလုံး ကျေးရွာရှိ COVID-19 ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်အား ဖြတ်သန်း၍ ရှမ်းပြည်နယ်သို့ လာရောက်မည့် မော်တော်ယာဉ်ပေါ် ပါသူများ အားလုံး ယနေ့ (အောက်တိုဘာလ ၅ ရက်)မှ စတင်၍ Quarantine ဝင်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

.


“ အခု ဆေးစစ်ချက် (Test kit ဖြင့်) Negative က သိပ်ပြီးတော့ မသေချာဘူးလို့ သူတို့က (ကျန်းမာရေးဌာန) သတ်မှတ်တယ်ပေါ့။ ဒါကြောင့်မို့ ကျန်းမာရေး ထောက်ခံချက် ပါတဲ့သူက Quarantine ၇ ရက် ဝင်ရမယ်။ မပါတဲ့သူက ၁၄ ရက် ဝင်ရမယ်။”ဟု တောင်လေးလုံး ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ စေတနာ့ဝန်ထမ်း ကိုမိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် ဒေသတွင်း ဖြတ်သန်း သွားရောက်မည့် သူများအနေဖြင့် နေထိုင်ကြောင်း ထောက်ခံချက် ပါရှိရမည့် အပြင် ခရီးသွား ရာဇဝင်ကို စစ်ဆေးရေးဂိတ်သို့ အတိအကျ သတင်းပို့ပြီးမှသာ သွားလာရမည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ လုပ်ဆောင်ချက်အား ညွှန်ကြားချက်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ မြို့တွင်း(ဒေသတွင်း) သွားရင်လည်း ထောက်ခံစာ ပါမှ ရမယ်၊ ဂိတ်ကို ဖြတ်သွားမယ်ဆိုရင် ဝင်ပြောပေးရမယ်။ ဥပမာ ဟဲဟိုး သွားမယ်ဆိုရင် ဟဲဟိုးသွားမယ်၊ ဘယ်လောက်ကြာမယ်ဆိုပြီး သတင်းပိုးရမယ်။ သတင်း မပို့ဘဲ ဒီတိုင်း သွားလိုက်ပြီး ပြန်လာရင် Quarantine ဝင်ရပါမယ်။” ဟု ကိုမိုးက ဆက်လက်ပြောဆိုသည်။

.

အဆိုပါ တောင်လေးလုံး COVID-19 ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်ကို ဩဂုတ်လ ၂၄ ရက်မှ စတင်၍ ဒုတိယအကြိမ် ပြန်လည် ဖွင့်လှစ်ကာ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ကောက်ယူခြင်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About