.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လမ်းလယ်ကျွန်းမျောအား စက်တင်ဘာလ ၁၁ ရက်၊ ည ၁၀ နာရီခွဲခန့်က ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသဖြင့် ဆိုင်ကယ် မောင်းနှင်သူ အမျိုးသားတစ်ဦး စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ သဇင်လမ်းနေ အသက် ၃၀ နှစ် အရွယ် ကိုကျော်ဇင်မိုး (ခ) အငယ်လေးသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ မော်တော်ဆိုင်ကယ်အား တစ်ဦးတည်း မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းမျော အုတ်ခုံအား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လမ်းလယ်ကျွန်းမျောအား တိုက်မိခြင်းကြောင့် ကိုကျော်ဇင်မိုး (ခ) အငယ်လေး၏ ယာနားထင် ပေါက်ပြဲ၊ ယာနား သွေးထွက်၊ ဝဲလက်မောင်း ဖူးရောင်၊ ဝဲပေါင်ကျိုး၊ ဝဲခြေခုံပွန်းပဲ့ (အတွင်းလူနာ၊ စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းအား စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးနေကြောင်း သိရသည်။
.
အဆိုပါ မော်တော်ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်၍ လမ်းလယ်ကျွန်းမျောအား တိုက်မိကာ မိမိကိုယ်ကို ဒဏ်ရာများ ရရှိစေသူ ကိုကျော်ဇင်မိုး (ခ) အငယ်လေးအား တောင်ကြီးမြို့မရဲစခန်း၌ ယာဉ် (ပ) ၂၂/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ /၃၃၇/ ၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
No comments:
Post a Comment