၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ကမ္ဘောဇတိုင်း

.

၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ အောက်တိုဘာလ ၁ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သန္တိသုခဓမ္မာရုံတွင် သံဃာတော် ၅ ပါးအား အရုဏ်ဆွမ်း ဆက်ကပ်ပြီး အန္တရာယ် ကင်း ပရိတ်တရားတော်များ နာယူခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ အရုဏ်ဆွမ်း ဆက်ကပ်ရာတွင် တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက် (၈၈၈၈) ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုနှင့် အရာရှိ တပ်ဖွဲ့ဝင်များအား ဩဝါဒ ချီးမြှင့်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီ ကိုယ်၏ညီညွတ်ခြင်း၊ စိတ်၏ညီညွတ်ခြင်း နှစ်ပါးတို့နှင့် ပြည့်စုံပြီး ပြည်သူပြည်သား အကျိုးများ ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း၊ ကမ္ဘာ့လူသားများ COVID-19 ကပ်ရောဂါဆိုးမှ အလျှင်အမြန် လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ ခဲ့ကြောင်း သိရဿည်။

.

အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းမှုကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ဇနီး ဒေါ်အိအိထွန်း အမှူးပြုသော ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိများ၊ တပ်ဖွဲ့ဝင်များက ကုသိုလ်ပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats