ဟိုပုံးတွင် PNO မဲဆွယ်စည်းရုံးရေး ပြန် ယာဉ်ပေါ်မှ ပြုတ်ကျကာ လူငယ်တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 23, 2020

ဟိုပုံးတွင် PNO မဲဆွယ်စည်းရုံးရေး ပြန် ယာဉ်ပေါ်မှ ပြုတ်ကျကာ လူငယ်တစ်ဦး သေဆုံး

နန်းဝင်းရီ

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်အောက်တိုဘာလ ၂၂  ရက်၊ ည ၈ နာရီခန့်တွင် PNO ပါတီ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး အင်အားပြရာမှ ပြန်လာသည့် ယာဉ်ပေါ်မှ လူငယ် အမျိုးသား တစ်ဦး ပြုတ်ကျကာ သေဆုံးခဲ့ရကြောင်း ဟိုပုံးမြို့မရဲစခန်းမှ သိရသည်။

.

“PNO ပါတီကပါ။ မဲဆွယ်ပြီး အပြန် ဖြစ်တာပါ။ အမျိုးသားပါ။ အခုဆုံးတဲ့ ကောင်လေးက ဆောင်းဘောက်စ်တွေ ကိုင်တဲ့ စက်ကိုင် သဘောမျိုးနဲ့ ပါသွားတာ။ ယာဉ်ပေါ်မှာတော့ မိန်းကလေးတွေပဲ ပါတယ်။  ယာဉ်မောင်းကို ၂၇၉/၃၀၄-က နဲ့ အမှု ဖွင့် ထားပါတယ်။ဟု ဟိုပုံးမြို့မရဲစခန်းမှ ဒုရဲအုပ် စည်သူအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

အဆိုပါ ယာဉ်မှာ ဆီဆိုင်မြို့နယ်၊ ပန်အွန်းကျေးရွာမှ မဲဆွယ်စည်းရုံးရေး အင်အားပြ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူသည် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ တလျှနိုးကျေးရွာနေ အသက် ၁၉ နှစ်အရွယ် လူငယ် တစ်ဦး ဖြစ်ကာ ယာဉ်ပေါ်တွင် အမျိုးသမီး ၁၅ ဦးခန့်နှင့်အတူ လိုက်ပါစီးနင်းစဉ် ယာဉ်၏ နောက်ဘက်ခြမ်းသို့ ရုတ်တရက် ဇောက်ထိုး ကျကာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ရရှိ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဦးဖရိန်းအား ဟိုပုံးမြို့မရဲစခန်းတွင် ယာဉ်(ပ)၁၀/၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၀၄- က ဖြင့် အမှုဖွင့်ထားကြောင်း ဟိုပုံးမြို့မ ရဲစခန်းမှ သိရသည်။

.

ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ တိုက်နယ် ဆေးရုံရှေ့တွင်လည်း အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က PNO ပါတီ စည်ရုံးရေး အင်အားပြ ယာဉ် တိမ်းမှောက်၍ အမျိုးသမီး ၃ ဦး သေဆုံး ခဲ့ရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About