ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်ကျေးရွာ တိုက်နယ် ဆေးရုံရှေ့တွင် အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က PNO ပါတီ မဲဆွယ် စည်ရုံးရေးအင်အားပြ ယာဥ် တိမ်းမှောက်၍ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
" လူ ၃ ယောက်လောက် သေတယ် ပြောတယ်။ ကားရှေ့ဘီး ပေါက်ပြီး မှောက်တာ။ မဲဆွယ် စည်းရုံးရေး ဒိုင်နာကားပါ ။ PNO ကလို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး။” ဟု ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်က ကမ္ဘောဇတိုင်းသို့ အတည်ပြုပေးသည်။
.
PNO ပါတီ၏ မဲဆွယ်စည်းရုံးရေး အင်အားပြ ယာဥ် တစ်စီးသည် ရှေ့ဘီး ပေါက်၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကာ ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဘန်းယဥ်ကြက်ခြေနီ ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ သေဆုံးသူများနှင့် ဒဏ်ရာ ရရှိသူများ၏ အသေးစိတ် အချက်အလက်များကိုမူ သိရှိရခြင်း မရှိသေးပေ။
.
(ဓါတ်ပုံ - ဘန်းယဥ်ကြက်ခြေနီ)