အောင်ဆန်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင်
အောက်တိုဘာလ ၁၆ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ် ဆေးပြား တစ်သောင်းကျော်အား လက်ဝယ်ထားရှိသူနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ပင်လောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
ပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၆ နာရီခွဲခန့်က သတင်းအရ သက်သေများနှင့်အတူ
ပင်လောင်းမြို့နယ်၊ မွှေးပြင်ကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာနေ တီးမောင်၏
နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး
၎င်းဝတ်ဆင်ထားသည့်အင်္ကျီအိတ်ကပ် အတွင်းနှင့် နေအိမ်အိပ်ခန်းအတွင်းရှိ
သံသေတ္တာအတွင်းတို့မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၄ သိန်းအား
တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
တီးမောင်အား နောင်တရားနယ်မြေရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment