ရှမ်းပြည်နယ်လွှတ်တော်တွင် အဆိုပေါင်း ၆၇ ခု တင်သွင်းခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 30, 2020

ရှမ်းပြည်နယ်လွှတ်တော်တွင် အဆိုပေါင်း ၆၇ ခု တင်သွင်းခဲ့

လက်ရှိ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သက်တမ်းအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးများတွင် အဆိုပေါင်း ၆၇ ခု တင်သွင်းခဲ့ကြောင်း ရှမ်းပြည်နယ်လွှတ်တော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

.

ယင်း တင်သွင်းခဲ့သည့် အဆို ၆၇ ခုအနက် ၃၉ ခုအား အတည်ပြုခြင်း၊ ၂၅ ခုအား မှတ်တမ်းတင်ခြင်း၊ ၃ ခုအား မေးခွန်းအဖြစ် ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။

.


 

 ပထမအကြိမ်ရော၊ ဒုတိယအကြိမ်ရော တတ်နိုင်သလောက် ဆောင်ရွက်ခဲ့တယ်။ အခက်အခဲလည်း ကြီးကြီးမားမား မရှိပါဘူး။” ဟု လွှတ်တော်အတွင်း လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်က ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။

.

ထို့အတူ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သက်တမ်းအတွင်း၌ ကြယ်ပွင့်ပြ မေးခွန်း ၁၀၉၇ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၈၁၄ ခုကိုလည်း မေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

.

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၈ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၅ ဦး၊ တအာင်းပလောင်အမျိုးသားပါတီမှ ၇ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၆ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂ ဦး၊ “ဝ”ဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ “ဝ”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုး‌တိုးတက်ရေးပါတီ၊ တစ်သီးပုဂ္ဂလတို့မှ ၁ ဦးစီနှင့် တပ်မတော်မှ ၃၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About