စိုင်းမျိုးသန့် (မောက်မယ်)
COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မောက်မယ်မြို့နယ်မှ ရန်ကုန်မြို့သို့ သွားရောက် တာဝန် ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်း သူနာပြု ၂ ဦးအား အောက်တိုဘာလ ၂၉ ရက်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
မောက်မယ်မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟန်သူရမှ တစ်ဦးလျင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် ၁ သိန်းကျပ်၊ မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းဦးမှ တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၂ သိန်းကျပ် ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်းမှ တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၂ သိန်းကျပ်အား အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သူနာပြု ၂ ဦးသည် မောက်မယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်း(၂) ရှိ COVID-19 ကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။
.