ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင်
ညမထွက်ရအမိန့်အား ဖောက် ဖျက် ကျူးလွန်သူ မရှိသေးကြောင်း သိရသည်။
.
.COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်
အထောက်အကူ ပြုစေရေး အတွက် အောက်တိုဘာလ ၂ ရက်၊ ညပိုင်းက နောင်တရားမြို့အုပ်ချုပ်ရေးမှူးနှင့်
ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
.
နောင်တရားမြို့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်အထိ
သတ်မှတ်အချိန်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း မပြုကြရန် ညမထွက်ရအမိန့်အား
ပြည်သူများသိရှိလိုက်နာစေရေး တာဝန်ရှိသူများက အသိပေးကြေညာထားပြီး အဆိုပါညမထွက်ရအမိန့်အား
ပြည်သူများ လိုက်နာခြင်းရှိမရှိကို ပူးပေါင်းအဖွဲ့များက ညစဉ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
.