ခွန်အောင်(နောင်တရား)
.
ပင်လောင်းမြို့နယ်၊ မွှေးပြင်ကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာ၌ ကျပ်သိန်း ၃၀၀ ခန့် တန်ဖိုးရှိ ဘိန်းစိမ်း ၁၀၀ ကီလိုဂရမ်ခန့်ကို အောက်တိုဘာလ ၂၀ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပင်လောင်းမြို့နယ်၊ မွှေးပြင်ကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာရှိ ခွန်တုတ်(ခ)တီးတုတ်၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ၎င်းအား နေအိမ်တွင် မတွေ့ရဘဲ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ် အပေါ်ထပ် အိပ်ခန်းအတွင်း ကြမ်းပြင်ပေါ်ရှိ စက္ကူဖာများ အတွင်းမှ ဘိန်းစိမ်း စုစုပေါင်း အလေးချိန် ၁၀၀ ကီလိုဂရမ်ခန့် (စုစုပေါင်းကာလတန်ဖိုးငွေ ကျပ်သိန်း ၃၀၀ ခန့်)နှင့် နေအိမ် အောက်ထပ် အဝင်တံခါးမကြီးဘေး ကြမ်းပြင်ပေါ်မှ တူးမီးသေနတ် ၁ လက်၊ ယမ်းမှုန့် ၉၀ ဂရမ်ခန့်ပါ ပလပ်စတစ်ဘူး ၁ ဘူး၊ ယမ်းကပ် ၁၈ ခုနှင့် ခဲစ ၃ ခုကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းစိမ်းများကို နေအိမ်တွင် သိမ်းဆည်းရမိပြီး ထွက်ပြေး တိမ်းရှောင်သွားသူ ခွန်တုတ်(ခ) တီးတုတ်အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment