ခွန်အောင်
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ်၊ နောင်တရားမြို့မှ ငရုတ်သီးခြောက် စီးပွားဖြစ် စိုက်ပျိုးသူများ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း
သိရသည်။
.
.“အရင်နှစ်က အောင်ပန်းမှာ ငရုတ်သီးအခြောက် တစ်ပိဿာကို ၃၀၀၀
ကျပ်ကနေ ၄၀၀၀ ကျပ်အထိ ဈေးရတယ်။ ဒီနှစ်တော့ အခုလို ရောဂါတွေ ဖြစ်နေတာဆိုတော့ ဈေးရပါ့မလား မသိဘူး။
ကုန်ခြောက်ဆိုလို့ ငရုတ်သီးနဲ့ တခြားသီးနှံ အနည်းအကျဉ်းပဲ ရှိတာဆိုတော့ ငရုတ်သီးခြောက်
ဈေးကောင်းရဖို့ မျှော်နေရတာပေါ့” ဟု နောင်တရားမြို့၊ ဘန့်ပြင်ကျေးရွာနေ ငရုတ်သီးစိုက်
တောင်သူတစ်ဦးက ပြောသည်။
.
ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စု၊
မြင်းတွင်း ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုများတွင် ငရုတ်သီးများစီးပွားဖြစ်စိုက်ပျိုးကြပြီး
ငရုတ်သီးအခြောက်ခံ၍ အောင်ပန်းကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
.
ယခုအချိန်တွင် ငရုတ်စိုက်တောင်သူများက ငရုတ်သီးစိမ်းများကို
တစ်ပိဿာ ၄၀၀ ကျပ် မှ ၈၀၀ ကျပ် အထိ ရောင်းချနေရကြောင်းသိရသည်။
.
ငရုတ်သီးစိုက်ခင်းများတွင် ရွှေပဲသီးများကိုလည်း သီးညှပ်အဖြစ်
ကြားညှပ်စိုက်ပျိုးကြသည့် အတွက် ငရုတ်စိုက်တောင်သူများ ဝင်ငွေနှစ်ခုရရှိခြင်းကြောင့်
အဆင်ပြေနေ ကြောင်း သိရသည်။
.
No comments:
Post a Comment