ကိုအောင်မိုး (ရွှေဖီမြေ)
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ
ကိုယ်ဝန်ဆောင်များနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ နောက်ပိုင်း မွေးဖွားသည့် ကလေးသူငယ်များအား
လူမှုဝန်ထမ်းဦးစီးဌာနက အောက်တိုဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း
သိရသည်။
.
.
ထိုသို့ ထုတ်ပေးရာတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ် ၈၉၈ ဦးတို့အတွက်
တစ်ဦးလျှင် တစ်လ ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ၆ လစာအတွက် ငွေကျပ် ၉၀၀၀၀ စီ တို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ထောက်ပံ့ငွေ ရရှိသည့် ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များအနက်
ဖုန်းလိုင်းရှိသော ကျေးရွာများရှိ အကျိုး ခံစားခွင့်ရရှိသူများကို E Wallet များသို့
လွှဲပြောင်းထောက်ပံ့ပေးမည်ဖြစ်ပြီး E Wallet မရှိပါက နီးစပ်ရာ KBZ Pay Agent များထံသို့ လျို့ဝှက်နံပါတ်ဖြင့် ထောက်ပံ့ငွေကို
ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်တွင် တယ်လီဖုန်းလိုင်းမရှိသော ကျေးရွာများရှိ
အကျိုးခံစားခွင့်ရရှိသူများကို KBZ Bank ကိုယ်စားလှယ်များက လာရောက်၍ ထောက်ပံ့ငွေများ
ထုတ်ပေးခဲ့ကြောင်း သိရသည်။
.
လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့်ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်များကို
ငွေကြေးထောက်ပံ့မှုအပြင် ကျေးရွာများရှိ ကလေးသူငယ်များအား အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ
အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု လူမှု ဝန်ဆောင်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment