နမ္မတူမြို့နယ်၊ လမ်းပြကြယ် ငွေစုငွေချေးသမဝါယမအသင်းရုံးတွင် COVID-19 ကာကွယ်ရေး အသိပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်၊ လမ်းပြကြယ် ငွေစုငွေချေးသမဝါယမအသင်းရုံးတွင် COVID-19 ကာကွယ်ရေး အသိပညာပေး

စောဦး (ရတနာမြေ)

.

ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လမ်းပြကြယ် ငွေစုငွေချေးသမဝါယမအသင်းရုံးတွင် ယမန်နေ့ အောက်တို ဘာလ ၁ ရက်၊ နံနက်ပိုင်းက COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးမှုများ ဆောင် ရွက် ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပညာပေး အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် ဆက်စပ်လူမှုရေးအသင်း အဖွဲ့တို့က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်ဟု သိရသည်။

.

ထို့နောက် ရေမလိုလက်သန့်‌ဆေးရည် အသုံးပြုကာ လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို လက်တွေ့ သရုပ်ပြသပြီး လက်ဆေးဆပ်ပြာခဲများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း  သိရသည်။

.

Journal Download

Photo of three cats