စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြိုန့ယ်တွင် ပထမဆုံး COVID-19 ရောဂါ အတည်ပြုလူနာကို ယနေ့ အောက်တို ဘာလ ၁၇ ရက်က တွေ့ရှိခဲ့ကြောင်း နမ္မတူမြိုန့ယ်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ
ထံက သိရသည်။
.
.
အဆိုပါ COVID-19 ပိုးတွေ့လူနာသည် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး
၎င်းသည် ပြီးခဲ့သည့် အောက်တို ဘာလ ၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်မှ
နမ္မတူမြို့သို့ လာရောက်စဉ် အခြေခံသတ္တုတွင်း လုပ်ငန်းခွင် သင်တန်းကျောင်း Facilities
Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူတစ်ဦး ဖြစ်ကာ အောက်တိုဘာလ ၁၃ ရက်တွင် ဓါတ်ခွဲနမူနာရယူ စစ်ဆေးခဲ့သူ ဖြစ်ကြောင်း
သိရသည်။
.
ယင်း COVID-19 ရောဂါ အတည်ပြုလူနာကို အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက မေတ္တာရှင် နာရေးကူညီမှု
အသင်း ယာဉ်ဖြင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးလျက်ရှိပြီး
၎င်းနှင့် ထိတွေ့ခဲ့သူများ ကိုလည်း အခြေခံသတ္တုတွင်းလုပ်ငန်းခွင် သင်တန်းကျောင်းတွင်
အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment